Chapter 46

5.9K 815 73
                                    


|| Unicode ||

လေ့ကျင့်ရေးကွင်း၌ သွေးအပြည့်ဖြစ်နေပြီး ကျိူးနေတဲ့ ခြေဆန်လက်ဆန်တွေက ကြမ်းပြင်မှာ ပြန့်ကျဲနေစသည်။

အသားစားငါး Alpha က သူ့ခြေဖဝါးရင်းမှာ လဲကျနေပြီး ရန်ရိက အလောင်းရဲ့ဂလင်းအား ဟက်တက်ခွဲလိုက်လေသည်။ဂလင်းတွေ လုံးဝ ပျက်စီးသွားပြီးကာမှ ဓားပေါ်က စေးကပ်နေတဲ့သွေးတွေအား ဖယ်ပစ်လိုက်သည်။

ရန်ရိကမျက်လွှာချ၍ အသားစားငါးAlphaရဲ့ မေးကို ဓားဖျားနဲ့ ပင့်ကြည့်လိုက်လျှင် လည်ပင်းက ပေါ်လာပြီး ယင်းအပေါ်က သင်္ကေတကို တစ်ချက်ကြည့်လိုက်​၏။

" PBB000036 " သူက သူ့ဘာသာရေရွတ်လိုက်ပြီး ခေါင်းလှည့်ကာ သူ့ပတ်ပတ်လည်မှာ တိတ်ဆိတ်နေကြတဲ့ J1alpha ခုနှစ်ယောက်၊ ရှစ်ယောက်လောက်ကို တစ်ချက်ကြည့်လိုက်ပြန်သည်။သူ့အတွက် ခြိမ်းခြောက်နိုင်စွမ်းက ဇီးရိုးဖြစ်နေတယ်လို့ခံစားရသဖြင့် တခြားဘယ်သူမှ မရှိနေတော့သလို ဓားကို ပိတ်လိုက်တော့သည်။

J1alpha တချို့မှာ လှည့်ကာ ထွက်ပြေးကြပါသော်လည်း အဝင်ဝ စေးကပ်ကပ် ပင့်ကူအိမ်တစ်လွှာဖြင့် ပိတ်ထားခံထားရပြီး အပေါက်အားလုံးကိုလဲ တင်းတင်းကျပ်ကျပ် ပိတ်ထားခံရလေသည်။

သေနတ်တွေနဲ့ သက်တော်စောင့်တွေက လျှောဆင်းလာကြပြီး မြေပြင်ပေါ်မှာ ပြေးလွှားနေတဲ့ ကြွက်အုပ်စုအားပတ်ပတ်လည်ရံ၍ တယောက်ပြီး တယောက် ခေါ်သွားကြတော့​၏။

ရှောက်ဝမ်းကျင်းက Platformထက်မှ တောင့်တင်းတဲ့ ပင့်ကူပိုးမျှင်တွေဖြင့်လျှောချကာ ရန်ရိရှေ့မှောက်သို့ အခြေချလာသည်။

ထိုအချိန်၌ သူ့ရင်ဘတ်ထဲမှာ အုံကြွနေတဲ့ အုံ့ပုန်းစိတ်က မငြိမ်သက်သေး။

သူက လက်ဆန့်၍ နဖူးမှ ဆံပင်အချောင်းလိုက်ကို နားရွက်နောက်ဘက်သို့ ထိုးသိမ်းရန် ကြိုးစားလိုက်သည်။

အေးစက်စက်အလင်းဖြင့် ဝင်းလက်နေသော ဓားမြှောင်က ရုတ်တရက် ပင့်တက်လာကာ ရှောက်ဝမ်းကျင်းရဲ့ လည်ပင်းကိုချိန်ရွယ်လိုက်လေသည်။ ရန်ရိက အသက်မဲ့စွာ သူ့အား ဓားဖြင့်ချိန်ရွယ်ထားပြီး ခြေတစ်ဝက်လောက်ပင် မလှမ်းနိုင်တော့အောင်လုပ်လိုက်​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now