Chapter 38

5.3K 775 7
                                    


|| Unicode ||

စင်စစ်တွင်တော့ လုရှန့်ကျင်ဟာ တခြား Omega တွေကို ပန်းတစ်ခါမှ မပို့ဖူးပေ။

သူသည်ကား ရိုမန့်တစ်ဆန်တာတွေနဲ့ အသားကျသူ မဟုတ်သလို သူ့ရဲ့လိင်ဆန္ဒကို ဖြေရှင်းပေးရုံ အရုပ်တွေကလဲ သူ့ရဲ့အရေးထားမှုနဲ့ မထိုက်တန်ပါချေ။

သူဟာ ရှင်းပြတတ်တဲ့လူလဲမဟုတ်တာကြောင့် ဒီအတိုင်း အသံပြုလိုက်သည်။

နန်ချီဟင်းလျာတွေကိုလဲ လုရှန့်ကျင် မသိတာကြောင့် မြို့ပြင်က ဟိုတယ်ကို ဘွတ်ကင်လုပ်ဖို့ သူ့လက်ထောက်ကို တောင်းဆိုထားတာပင်။

ကားရပ်သွားသော် နောက်ခုံက လှုပ်ရှားမလာခဲ့။

လုရှန့်ကျင် နောက် တစ်ချက် လှည့်ကြည့်လိုက်လျှင် ရန်ရိက သူ့ကိုယ်အပေါ်ပိုင်းကို ကွေး၍ ထိုင်ခုံမှာ လှဲနေပြီး ပန်းဗူးကိုခေါင်းအုံးကာ အိပ်ပျော်နေခဲ့သည်။

လုရှန့်ကျင် နောက်ထိုင်ခုံဆီကို လှည့်သွားလိုက်ပြီး ရန်ရိလက်မောင်းကို ဆွဲ၍ သူ့ပုခုံးပေါ်တင်လိုက်ကာ ယုန်ကလေးကို ချီသယ်သွားခဲ့သည်။

ယုန်ကလေးက အိပ်ပျော်နေတာတောင် ပန်းဗူးကို ကိုင်ထားဆဲဖြစ်ပြီး လွှတ်မပေး။ လုရှန့်ကျင်က သူ့ကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး ကျန်လက်တစ်ဖက်နဲ့ ပန်းဗူးအစွန်းရှိ သူ့လက်ချောင်းသွယ်သွယ်လေးတွေကို ဖယ်ပေးလိုက်သည်။

" ကျင်ကော ..." ရန်ရိက ရီဝေဝေနှင့် သူ့လည်ပင်းကို ဖက်လာပြီး ပါးပြင်တွေက လုရှန့်ကျင်ရှပ်အင်္ကျီနဲ့ ဖုံးထားတံ့ ညှပ်ရိုးပေါ်ကို ဖိကျလာကာ နူးညံ့တဲ့ မျက်တောင်လေးတွေက သူ့လည်ပင်းအရေပြား တလျှောက် ရိုက်ခတ်သွား​၏။

ညဘက် လေညှင်းက အနည်းငယ်အေးနေသေးသောကြောင့် ရန်ရိက မသိလိုက်မသိဘာသာနဲ့ လုရှန့်ကျင်ကို တင်းတင်းဖက်လာခဲ့သည်။ ပြီးလျှင် နွေးထွေးမှုကို ဆွဲယူရန် လုရှန့်ကျင် ကိုယ်ကို မှီကပ်လျက် သူ့ဗိုက်ကို ဘေးတိုက် ထားလိုက်သည်။

အမှတ်အသားမရှိသည့် Omegaလေးတွေက အမြဲလိုလိုပင် သာမန်ထက်လွန်ကဲစွာ လုံခြုံမှုမရှိသည့်အပြင် သူတို့ချစ်ရတဲ့Alpha တွေနဲ့ နီးနီးကပ်ကပ်နေတာနှင့် အသားကျလေ့ရှိကြသည်။ သူတို့ရင်းနှီးတဲ့ Pheromone ရနံ့တွေနဲ့ နီးကပ်နေသရွေ့ သူတို့ခန္ဓာကိုယ်တွေက သဘာဝအလျောက် တည်ငြိမ်နေမည်ဖြစ်ပြီး မသိလိုက်မသိဘာသာနဲ့ မှီခိုတာမျိူးကိုလဲ ပြလာလိမ့်မည်ဖြစ်သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now