Chapter 73

5.3K 778 87
                                    

|| Unicode ||

မနက်လေး၊ငါးနာရီလောက်မှာတော့ လုရှန့်ကျင် ခဏလောက် နိူးလာခဲ့သည်။ သူဟာ မနေ့ညက အလုပ်ချိန်ကို မေ့သွားခဲ့ပြီး အိပ်မှုန်စုန်မွှားဖြင့် နာရီကို တစ်ချက်ကြည်လိုက်မိရင်း ရုတ်တရက်ကြီး ပကတိနိူးကြားသွား​၏။

စာကြည့်ခန်းဟာ တော်ဖီနံ့ ချိုချိုသင်းသင်းလေးဖြင့် ပျံ့နှံ့နေခဲ့ပြီး လုရှန့်ကျင်သည်လည်း အံ့ဩတကြီးဖြင့် ခွဲခြားသိနေရင်း သူ့နှလုံးသားမှာ နှစ်မြှုပ်သွားလျက်။ သူ့ နှုတ်ခမ်းတို့ဟာ စိတ်လှုပ်ရှားစွာ ကွေးညွှတ်သွားပြီး လေးထုံနှေးကွေးနေသော ခြေထောက်တွေကို လျစ်လျူရှုကာ ဒုတိယထပ်ကို ယိုင်တိယိုင်ထိုးဖြင့် တက်သွားလိုက်သည်။

ရန်ရိက စောင်ပျော့လေးထဲမှာ ကိုယ်တစ်ဝက်လှဲ၍ အိပ်ပျော်နေပြီး ဘောလုံးလေးသဏ္ဌာန်လုပ်ထား​၏။

လုရှန့်ကျင်က ကုတင်ဘေးမှာထိုင်၍ လိုက်ကာကိုဖြတ်လာသော အရုဏ်တက်အလင်းခပ်မှိန်မှိန်ဖြင့် သူ့ကို ကြည့်နေလိုက်မိသည်။ သူကကုတင်ပေါ်ကို ဒူးတစ်ဝက်ထောက်၍ ရန်ရိ သူ့လက်မောင်းထဲမှာတင်းတင်းဆုပ်ထားသော ဂွမ်းကပ်စောင်ကို ဖွဖွလေး ဆွဲထုတ်လိုက်ပြီး ပြန်ခြုံပေးလိုက်သည်။၎င်းနောက် ယုန်မျက်နှာနုနုလေးကို ကိုင်ထားရင်း ပေါင်ပေါင်ကို မဖိမိစေရန် ဘေးဘက်မှာ လှဲလိုက်စေသည်။

အိပ်နေသူလေးရဲ့ ဘောင်းဘီခါးမှာ ယုန်အမြှီးလေးတစ်ဝက်က ကပ်နေပြီး နှင်းလိုဖြူဖွေးနေတဲ့ခါးလေးက လှစ်ဟနေလျက်။ လုရှန့်ကျင် တိတ်တိတ်လေး ပြုံးလိုက်၍ အမြီးလေးကို pajamasထဲ ပြန်ထည့်ပေးလိုက်ကာ ဆွဲတင်ပေးလိုက်​၏။

ရန်ရိက နည်းနည်းလေး ရွေ့သွားပြီး ယုန်နားရွက်လေးတွေ လှုပ်သွားကာ သူ့မျက်နှာကို အုပ်ထားလိုက်ပြန်သည်။

လုရှန့်ကျင် အံ့ဩသွားပြီး ရုတ်တရက် အသက်ရှုအောင့်ကာ တိတ်တိတ်လေးနောက်ဆုတ်လိုက်မိသည်။ အိပ်ရာပေါ်မှာခဏလောက် ဘာလှုပ်ရှားချက်မှမရှိမှ စိတ်ချလက်ချ ပြန်ထိုင်လိုက်​၏။

လုရှန့်ကျင်က ငုံ့ကိုင်းလိုက်၍ ရန်ရိမျက်နှာပေါ်ကနားရွက်လေးတွေက်ိုမ,​ဖယ်လိုက်ပြီး ငြိမ်းချမ်းစွာအိပ်ပျော်နေသောမျက်နှာလေးကို စိုက်ကြည့်နေမိသည်။ ထို့နောက် သူက ခပ်တုန်တုန်လေးဖြစ်နေတဲ့ နှာခေါင်းထိပ်လေးကို ဖွဖွထိလိုက်မိလျှင် နှလုံးသားတစ်ခုလုံးဝယ် တဒုန်းဒုန်းမြည်လာသည့် သွေးခုန်နှုန်းတွေ စီးဆင်းသွားရပြီး မယုံနိုင်လောက်အောင် နူးညံ့အေးချမ်းရလေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now