Chapter 55

5.7K 744 24
                                    

|| Unicode ||

သေနတ် ပြောင်းဝမှာ အမဲရောင်နွယ် သုံး၊ငါးပင်မှ ဖမ်းယူသွားပြီး လုရှန့်ကျင်ရဲ့လက်ထဲမှ ဆွဲထုတ်သွား​၏။

ပိရွေ့ကျင်းက လက်ထဲမှာ စနိုက်ပါရိုင်ဖယ်ကို ကိုင်ထားပြီး လုရှန့်ကျင်​၏ ညှပ်ရိုးအိမ်ကို ချိန်ကာ ပြင်းပြင်း တွန်းပစ်လိုက်လေသည်။ " ပါးစပ်ပိတ်! မျက်လုံးမှိတ်ပြီး အသက်နှစ်ချက်လောက်ရှုပြီးမှ လောင်ဇစ်နဲ့ စကားပြောစမ်း! "

လုရှန့်ကျင်ကတော့ သူဆိုသလို မလုပ်။ သူ့လက်တွေက သူကိုယ်ဘေးဘက်မှာ ကူကယ်ရာမဲ့စွာ ကျနေပြီး အံကြိတ်ထားမိရာ သွားဖုံးတို့ပင် အနည်းငယ်နာကျင်လာ​၏။ မျက်လုံးအိမ်တို့ကလဲ နီရဲရောင်ရမ်းလျက်။

" သူ့မှာ တစ်ပတ်ပဲ ရှိတယ် " လုရှန့်ကျင်က နဖူးမှကျလာသော ချွေးစေးတစ်လွှာဖြင့် အက်ကွဲစွာဆိုသည်။ " ကျွန်တော် သူ့ကို မကယ်ရင် ဘယ်သူကသူ့ကို ကယ်မှာလဲ "

ရှကျင့်ထျန်က အချိန်ကိုက်ပင် စကားဖြတ်ပြောသည်။ " သူ့မိဘတွေကရော...သူတို့နဲ့ ဂလင်းအမျိူးအစားတူနိုင်တာလဲဖြစ်နိုင်တယ်လေ "

ရန်ရိမိဘတွေအကြောင်းပြောလာသော်ငြား လုရှန့်ကျင်ဟာ ဆုပ်ထားတဲ့ လက်သီးတွေကို မဖြေလျှော့နိုင်ခဲ့။

" သူ့မှာ မိဘတွေမရှိဘူး။ သူက နားရွက်ရှည်ယုန် ကိုယ်ပွားဆဲလ်(ကလုန်းဆဲလ်)နဲ့ လမ်းညွှန်ပြီး ကွဲထွက်ရေးစမ်းသပ်ချက်တစ်ခုပဲ "

လုလင်းရဲ့ ကွပ်ကဲအုပ်ချုပ်မှုအောက်၌ PBB ဓာတ်ခွဲခန်းဟာ သက်ရှိ တိုက်ခိုက်ရေးစက်များ တစ်ပုံတစ်ပင် ထုတ်လုပ်ခဲ့လေသည်။ ထို့နောက် မအောင်မြင်သည့် စမ်းသပ်ချက် အစုလိုက်မှ အသန်မာဆုံးသူများကို ပိရမစ်စနစ်ဟု ရည်ညွှန်းဖော်ပြကာ ရွေးထုတ်ခဲ့ချေသည်။

လုရှန့်ကျင် ဆယ်နှစ်သားတုန်းက လုမိသားစုအိမ်ဟောင်း​၏ မြေအောက်ဓာတ်ခွဲခန်းထဲကို မှားပြီး ဝင်ရောက်ခဲ့မိ​၏။

သူဟာ စန္ဒယားခန်းအပြင်မှ ခိုးကြောင်ခိုးဝှက်ကြည့်နေခဲ့ပါတဲ့ ယုန်ကလေးအား တစ်ချက်ကြည့်ရုံဖြင့် သူမှတ်မိခဲ့လေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now