Chapter 5

6.1K 881 28
                                    

|| Unicode ||

အသောက်အစားကြူးပြီး အကျင့်ပျက်နေပါသော သီးသန့်နေရာ (ကာရာအိုကေခန်း) ဝယ်...

မီးရောင်ဖျဖျနှင့် အခန်းရှိ လေထုသည် ညှို့ယူဖမ်းစားနိုင်သည့် Omega Pheromone တွေနှင့် အားကောင်းသော Alpha Pheromoneတို့ဖြင့် ရောထွေးနေကြပေသည်။ အလုပ်များလွန်းသောကြောင့် လုရှန့်ကျင်ဟာ သူ့သူငယ်ချင်းများနှင့် အတူရှိဖြစ်သည်ဆိုတာ ရှားရှားပါးပါး။

တစ်ဖက်တစ်ချက်စီမှာ နူးညံ့ လှပသော Omegaနှစ်ယောက်ဖြင့် Alphaသခင်လေးတစ်ယောက်ကသူ့ရှေ့မှာရှိနေကာ Omega ဂရုတစိုက်နဲ့ ဆက်သနေတဲ့ ရှန်ပိန်ကို သောက်နေခဲ့သည်။ သူက လုရှန့်ကျင်ကို လက်ဖျောက်တီးလာပြီး " လုကော..ငါ့မှာမင်းအတွက် လက်ဆောင်တစ်ခု ရှိနေတယ်။ ကောင်းကောင်းမွန်မွန်လေး ကျေးဇူးတင်ထားတာကောင်းမယ်နော် "

စိတ်ဝင်တစားမရှိနေတဲ့ လုရှန့်ကျင်က မေးထောက်လိုက်ပြီး " ဘယ်လိုကောင်းတာမျိူးကို ရွေးထားလို့လဲ? "

Alphaသခင်လေးက ဇာတ်လမ်းတစ်ပုဒ်ကို ဖောက်သည်ချလာသည်။ " ကျိုအန်းမြို့ရဲ့ ကုန်းတွင်းပိုင်းမှာ... "

လုရှန့်ကျင်က ရုတ်တရတ် ခုန်ပေါက်လာတဲ့ နားထင်ကို ဖိရင်း " ငါ နှုတ်ဆက်စကား ပြောပြီးပြီပဲ။ မင်းဆိုလိုတာကို သိမှာပါ "

Alpha သခင်လေးက မီးခိုးကွင်းတစ်ခုကို မှုတ်ထုတ်လိုက်ပြီးကျေနပ်စွာ ပြုံးကာ လက်ခုပ်တီးသည်။ အပြင်ဘက်မှ ပိန်ပိန်ပါးပါးနဲ့ နုနယ်သော Omegaတစ်ယောက်ဝင်လာ​၏။

သူဝင်လိုက်လာသည်နှင့် တပြိုင်နက် မှိန်ဖျော့နေသည့်တိုင် ထူးခြားသော ဖယ်ရိုမုန်းတို့က လုရှန့်ကျင်​၏ နှာခေါင်းဝသို့သင်းပျံ့စွာ ပျံ့နှံ့လာသည်။လေထဲမှာ ပြန့်ကျဲနေသော ဖယ်ရိုမုန်းတို့က သူ့ဂလင်းများအား ဟိန်းဟောက်လာစေ​၏။ သူရုတ်​တရက်​ ထရပ်​လိုက်​သည်​။ ရှေ့မှာရပ်နေသော Omegaက ထိတ်လန့်သွားကာ တစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။ သူက တိုပြီးပျော့ပျောင်းနေတဲ့ အမြီးကို ကိုင်လိုက်ပြီး မျက်လုံးတွေက လုရှန့်ကျင်ကို ရှင်းရှင်းလင်းလင်းပင် စူးစိုက်ကြည့်လာသည်။ သူ ပြေးချင်သော်လည်း မဝံ့မရဲ ၊ နေရာမှာလဲ တီးခေါက်ကြည့်ဖို့ နေချင်နေသေးသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now