Chapter 62

5.3K 803 29
                                    

|| Unicode ||

ကျန်းမာရေးအခြေအနေ တည်ငြိမ်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ရန်ရိဟာ ပြန်လည်ထူထောင်ဖို့ရန်အတွက်အိမ်ကိုခေါ်သွားခံရ​၏။

အိမ်အသစ်က မူလဗီလာလို ကျယ်ကျယ်ဝန်းဝန်းမရှိပေငြား လုရှန့်ကျင်ရဲ့ ကုမ္ပဏီနဲ့တော့ တော်တော်လေး နီးလေသည်။

Decoration ကတော့ အထူးပင် တရုတ်စတိုင် ဒီဇိုင်းဖော်ထားသည်။ လုရှန့်ကျင်က သစ်နက်ပရိဘောဂအဆက်လိုက်ကိုရွေးချယ်ထားပြီး အိမ်အသစ်မှာ ထားထားတာကြာပြီပင်။ အခုဆို ထုပေါင်ပေါင်လေးကအိမ်မှာ အမြဲ ကြမ်းပြင်ကို ခြေဗလာနဲ့နင်းတတ်တာကြောင့် အိပ်ခန်းကိုလဲ နူးညံ့တဲ့သိုးမွေးကော်ဇောနဲ့ လွှမ်းထားရလေ​၏။

မိသားစုက ရန်ရိကို ပြုစုစောင့်ရှောက်ဖို့ နာနီတစ်ယောက်ကို အလုပ်ခန့်ခဲ့သည်။ လုရှန့်ကျင်ဟာ ရံဖန်ရံခါမှာတော့ မလွှဲမရှောင်သာဆိုသလို အိမ်မှာမရှိနိူင်ပေ။ ကလေးကို တစ်ယောက်တည်းထားခဲ့ဖို့ဆိုတာက အလွန်အန္တရာယ်များသည်လေ။

သူက ပြင်းထန်တဲ့ စွမ်းအင်ဖြည့်စွက်ဆေးရည်ကို ယူရန် အန်းဖေးယဆေးရုံသို့ သွားခဲ့သည်။

ကနဦးမှာတော့ ဆေးစပ်ဆရာဝန်က သူ့အား သာမန် စွမ်းအင်ဆေးရည်တွေကို အသုံးပြုရန် အကြံပေးခဲ့​၏။ ပြင်းထန်သည့်ဆေးရည်တွေက A3 အဆင့်ဂလင်းများကိုထောက်ပံ့ပေးဖို့ရာပဲ အထူးတလယ် ပုံစံထုတ်ထားတာဖြစ်သည်။ ဒီလောက် အဆင့်ကို အတင်းအဓမ္မသုံးစွဲခြင်းကခန္ဓာကိုယ်ကို လှုံ့ဆော်ပေးဖိုရာ မလုံလောက်သည့်တိုင် အများကြီး ထိခိုက်စေမှာလဲမဟုတ်ပါချေ ။

လုရှန့်ကျင်က ဆေးကိုယူ၍ ဆေးသွင်းခန်းကို သွားလိုက်သည်။ ဆေးသွင်းခန်း၌ လူနာအတွက် ဝန်ဆောင်ပေးမယ့်သူနာပြုomegaနှစ်ယောက်ရှိနေ​၏။ တစ်ချိန်တည်းမှာပဲ တံခါးကို လျှောက်လာတဲ့ မစ္စတာAlphaကို သူတို့ သတိပြုလိုက်မိပြီး တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ တစ်ချက်ကြည့်လိုက်မိကြသည်။

ဆေးရုံက ဒီalphaကို သတိထားမိကြတာ ကြာချေပြီ။ သူက ဆေးရုံမှာ တစ်ခဏမျှ နေနေခဲ့တာဖြစ်သည်။သူတို့ သခင်လေးရဲ့ သူငယ်ချင်းလို့လဲကြားမိကြသည်။ သူက အခုမှ ၃၀ပြည့်ထားတာဖြစ်ပြီး အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းလဲရှိနေပြီဖြစ်သည်။ လုရှန့်ကျင်သာ ရန်ရိအကြောင်း အလေးထားမနေပါရင်Omegaတွေရဲ့ ဆာလောင်နေတဲ့ မျက်လုံးတွေကို သတိပြုမိလောက်မည်ပင်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now