Chapter 66

5.5K 751 13
                                    

|| Unicode ||

လုရှန့်ကျင် အလုပ်မှ ပြန်လာသော် ရန်ရိအတွက် စတော်ဘယ်ရီ tiramisuကို ဝယ်ခဲ့သည်။

သူ ဒီမနက် ထွက်လာချိန်၌ ယုန်ကလေးက အိပ်မှုန်စုံမွှားဖြစ်နေဆဲ။ လုရှန့်ကျင်လဲ သူ့ကို မနှိုးချင်တာကြောင့်တိတ်တဆိတ်သာ နဖူးနဲ့ နှုတ်ခမ်းလေးအား အနမ်းပေးကာ လက်လှမ်းမီလောက်မည့် ကုတင်ခေါင်းရင်း၌ ရေတစ်ခွက်တင်ထားပေးလိုက်​၏။

အတိတ်တုန်းက သူ့ခြေသံကြားလိုက်လျှင် ရန်ရိက သူ့ကို စောင့်ဖို့ အဝင်ဝကို ပြေးလာတတ်ပြီး သူ့ခါးကို စိတ်လှုပ်ရှားစွာဖက်ကာ ကြိုဆိုကြောင်းပြောတတ်သည်။

လုရှန့်ကျင် ဗလာကျင်းနေသော အခန်းတို့ကို ကြည့်လိုက်မိသည်။ နာနီက မီးဖိုချောင်မှာ အလုပ်များနေ​၏။ သူမက တံခါးဖွင့်လာ၍ လက်သုတ်ရင်း ဖြေလာခဲ့သည်။ " ရန်ရန်က တစ်နေကုန် အိပ်ခန်းထဲက ထွက်မလာဘူး "

လုရှန့်ကျင် မျက်နှာပေါ်က အပြုံးမှာ အနည်းငယ် မှိန်သွားပြီး အဝတ်လဲဖို့ကိုပင် အရေးမထားတော့ပဲ အပေါ်ထပ်ကို မြန်မြန်တက်သွားကာ ပိတ်ထားသည့် အိပ်ခန်းတံခါးကို ခေါက်လိုက်မိသည်။

အထဲမှ ထိုင်ခုံရွေ့သွားသံကြားရသော်လည်း ဘယ်သူမှ ပြန်မဖြေလာပေ။

လုရှန့်ကျင်က ထပ်ခေါက်လိုက်ပြီး စိတ်မရှည်စွာ သူ့အင်္ကျီလက်တွေကို ဆွဲတင်လိုက်​၏။ " ရန်ရန်... ဘာလို့ တံခါးကို လော့ခ်ချထားတာလဲ။ ညစားစားရအောင် ထွက်ခဲ့တော့လေ "

အိပ်ခန်းတံခါးကို ဖြတ်လာသော ရန်ရိအသံက ရှုသိုးသိုးလေး။ " မင်းဘာသာစား၊ ငါမဆာဘူး "

ကြားလိုက်တာနှင့်၊ သူဟာ ထပ်ပြီး စိတ်ဆိုးနေပြန်ကြောင်း သိလိုက်ရချေသည်။

လုရှန့်ကျင်က ဖြောင့်လို့ရတဲ့စာရွက်ကလစ်တစ်ခုကို တွေ့သွားပြီ သော့ပေါက်ထဲကို ထိုးထည့်လိုက်သည်။ ထို့နောက် တံခါးကို သာသာလေး တွန်းဖွင့်၍ အထဲကို ဝင်လိုက်လိုက်​၏။

ရန်ရိက ကိုယ်လုံးပေါ်မှန်ကြီး​​၏ ဘေးမှာ ထိုင်နေပြီး အသံတိတ် ခေါင်းငိုက်ထားသည်။ တံခါးပွင့်သွားသံကြားသော် သူကမျက်မှောင်ကုတ်၍ လှည့်ကြည့်လာ​၏။ " ငါ ဗိုက်မဆာဘူးလို့ ပြောထားတယ်လေ။ ဘာလို့ ငါ့အခန်းထဲကို သဘောရှိ ဝင်လာရတာလဲ "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now