Chapter 69

5.3K 762 34
                                    

|| Unicode ||

ဒီအဖျားက ဂလင်းတွေကို အလွန်အကျွံအသုံးပြုကြောင့် ဖြစ်ပေါ်လာတာပင်။ ဒါ့အပြင် ပုံမှန်လို စိတ်ဖိစီးဖြစ်ခြင်းနှင့်ပင်ပန်းနွမ်းနယ်တာတွေရော ထပ်ဆင့်ပါလာသော် ဂလင်းစိမ့်ထွက်ရည်ကစဉ့်ကလျားဖြစ်​ခြင်းကို ဦးတည်သွားစေသည်။

မနက်ခင်းရောက်သော် မိသားစုဆရာဝန်ရောက်လာခဲ့ပြီး လုရှန့်ကျင်အား ဆေးရည်တစ်ပုလင်းချိတ်ပေးကာ စွမ်းအင်ဆေးနောက်တစ်မျိူးကို ထပ်ထိုးပေးခဲ့သည်။

သူနိုးလာသောအခါ လုရှန့်ကျင်ဟာ သူ့ဘေးမှာရှိနေတဲ့ ရန်ရိကို ထိထားနေကျဖြစ်​၏။ သူ့လက်ချောင်းဖျားများက အေးစက်နေသည့် အိပ်ရာခင်းကိုသာ ထိလိုက်မိလေသည်။ရုတ်တရက် သူ့မျက်လုံးတွေကို ဖွင့်လိုက်မိလျှင် ဆေးပလတ်စတာတစ်ခုက သူ့လက်နောက်ဖက်မှာ ကပ်ထား​၏။

နာနီကို အလုပ်နားလိုက်ကတည်းက လုရှန့်ကျင်ဟာ နေ့စဉ်နေ့တိုင်း မနက်စာပြင်ဖို့ မီးဖိုချောင်ထဲသွားလေ့ရှိသည်။ သူ့လက်ပတ်နာရီကိုကြည့်လိုက်သော် ၉နာရီ။

" ရန်ရန် " လုရှန့်ကျင်က Slipperစီး၍ အောက်ထပ်သို့ အမြန်ဆင်းလာလျှင် ရန်ရိက မီးဖိုခန်းထဲမှာ ကြက်ဥကြော်နေတာဖြစ်သည်။

ရေနွေးဖြောထားတဲ့ ကြက်ဥကို ကျွမ်းကျင်စွာပင် ရွှေညိုရောင်သမ်းလာသည်အထိ ကြော်နေသည်။ ရန်ရိက ပေါင်မုန့်ချပ်တွေပေါ်က ကြက်ဥကို အာရုံစိုက်ထားပြီး ဝက်ပေါင်ခြောက်တစ်စကို ကျကျနနလှီးလိုက်သည်။ ထို့နောက် ရေစက်တွေခါရန် ဆလတ်ရွက်တစ်ပိုင်းကိုလဲ ဖြဲပစ်လိုက်သေးသည်။

ရန်ရိက ခြေဗလာလေးနဲ့ ညှပ်ဖိနပ်ပျော့လေးကို နင်းထားပြီး ဖနောင့်လေးတွေကမူ ဖွဖွလေး ပွတ်နေကြသည်။

မီးဖိုခန်းမှန်တံခါးကို ဖြတ်၍ လုရှန့်ကျင်ဟာ လက်တွေချထားရင်း ကြောင်တက်တက်ဖြင့် သူ့ကိုစိုက်ကြည့်နေခဲ့သည်။ထို့နောက် မသိလိုက်ပါဘဲ ကပ်သွားလိုက်ပြီး မှန်ပြင်မှသည် ရန်ရိရဲ့ ငိုက်စိုက်ထားသော မျက်တောင်လေးတွေကို ထိကြည့်မိ​၏။

အချိန်တွေ ဒီနေရာမှရပ်နိုင်ပြီး ဆက်မသွားတော့ပါလျှင် မှန်ပြင်ကို ဖြတ်လာတဲ့ နူးညံ့ညံသက်တဲ့ ထိတွေ့မှုလေးကို တွေ့မြင်နိုင်ပါ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Hikayelerin yaşadığı yer. Şimdi keşfedin