Chapter 37

5.1K 774 8
                                    


|| Unicode ||

ဘားလမ်းက တောက်ပစွာ လင်းလက်နေခဲ့ပြီး မြက်ပင်တို့သည်ကား တံခါးရှေ့က bluestone အုတ်တို့​၏ ဘေးနှစ်ဖက်လူံးရှိ ကြည်လင်နေတဲ့ ရေလမ်းကြောင်းတွင် လွင့်မျောပါနေကြသည်။

ဒီနေ့ညမှာတော့ သွေ့ဖျီဘားသည် ထူးထူးခြားခြားပင် လူမရှိဘဲ တံခါးကို ပိတ်ထားသည်။

ဘားအရှေ့က ပန်းပုံသဏ္ဌာန် မီးဆိုင်းတစ်ခုသာ လင်းနေတာဖြစ်ပြီး ဝိုင်ပုလင်းအလွတ်တွေက ထောင့်စွန်းအထိ လှိမ့်သွား​၏

ဘားရှေ့တွင် Alphaတစ်ယောက်ထိုင်နေပြီး အခန်းမှာလဲ ဝိုင်နံ့နဲ့ Baby's Breathနံ့တို့ဖြင့် M2 Pheromone တွေနဲ့ ပြည့်နှက်လို့နေသည်။

" သူဌေး ဝီစကီတစ်ပုလင်း ပေးပါ " ရှကျင့်ထျန်က ဘားကိုမှီထား၍ ဣန္ဒြေမပျက်တဲ့ပုံစံပေါက်နေသော်လည်းတကယ်တမ်းတွင်တော့ မျက်လုံးတွေကမူးနေပြီဖြစ်သည်။

ကုဝေက ထောင့်စွန်းမှာရှိတဲ့ ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ့လည်ပင်းနောက်က ဂလင်းတွေကို အားနဲ့ရိုက်ချိုးနေရသည်။နောက်ဆုံးတွင်တော့ သူဟာ ဆိုဖာထဲကို အထိတ်ထိတ်အပျာပျာဖြင့် ခုန်ဝင်လိုက်ပြီး အထိန်းအကွပ်မဲ့နေတဲ့ M2 pheromoneတွေကို တွန်းလှန်ရန်အတွက် သူ့ခေါင်းနဲ့ ဂလင်းတို့အား ခေါင်းအုံးထဲ မြှုပ်ထားလိုက်မိတော့သည်။

" ဝေ့ မင်းမေလူး "

——

လမ်းမကြီးထက်က လမ်းမီးများမှာ တစ်လုံးပြီးတစ်လုံး လင်းထိန်နေကြပြီး အဝေးပြေးလမ်းမပေါ်က ယာဉ်အသွားအလာတွေကလဲ တဖြည်းဖြည်းကျဲလာခဲ့သည်။

ရန်ရိသည်ကား ခရီးသည်ခုံအတွင်း လျှိုသွင်းခံထားရပြီး ထိုင်ခုံခါးပတ်ကိုလဲ လုရှန့်ကျင်က တင်းကြပ်စွာ ပိတ်နှောင်ခံထားရသည်။ ရန်ရိဟာ ထိုင်ခုံမှာ ချိတ်တွယ်ခံထားရတဲ့ သားကောင်လေးအလား။

" မင်း ဘာတွေလုပ်နေတာလဲ..." ရန်ရိက လက်ဆန့်၍ ထိုင်ခုံခါးပတ်ကို ဖြေလိုက်သော်လည်း လက်ကြီးတစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လာသည်။

လုရှန့်ကျင်သည် သောက်ကျိူးနည်းနေတဲ့မျက်နှာဖြစ်နေပြီး လက်တစ်ဖက်တည်းဖြင့် ကားမောင်းကာ သူ့ရှေ့ကကားကိုခပ်ကြမ်းကြမ်း ကျော်တက်လိုက်သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now