Chapter 30

5.6K 754 4
                                    

|| Unicode ||

လုရှန့်ကျင်က စိုနေတဲ့ဆံပင်တွေကို ပဝါနဲ့သုတ်ရင်း ကုတင်ခေါင်းရင်းကို မှီ၍ ခြေထောက်တစ်ချောင်းကို ကွေးထားရင်းဖုန်းကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားသည်။ သူရဲ့ ပုံမှန်အတိုင်း အေးစက်နေတဲ့ မျက်ခုံးနဲ့မျက်လုံးတို့က အနည်းငယ်နူးညံ့နေဟန်ပေါက်ပြီး မျက်နှာချင်းဆိုင် စခရင်ပေါ်က ယုန်ကလေးကို အိမ်မွေးလေးတစ်ကောင်နှယ် ကြည့်နေခဲ့လေသည်။

ရန်ရိက အဝတ်လဲရန်ပြင်လိုက်ပြီး ဖုန်းကို အိပ်ရာပေါ်တင်လိုက်လိုက်​၏။ လုရှန့်ကျင်က နှုတ်ခမ်းထောင့်တွေ မြင့်တက်သွားလေရာ အဝါရောင် နံရံကပ်မီးအိမ်က သူ့မျက်နှာအား သုံးဖက်မြင်ဖြစ်စေအောင် ပုံဖော်ပေးနေသည်။ " မင်းအဝတ်လဲတာကို ငါကြည့်ချင်တယ် "

" အဲ့မှာ...ဘယ်လောက်လှလိုက်လဲ...ငါ နေရာတိုင်းကို မြင်ဖူးပြီးသား " ယုန်နားရွက်အမွေးပွလေးများ​၏ အောက်ဖက်မှအရေပြားမှာ ရုတ်တရက် သွေးရောင်ပြည့်လာပြီး ပန်းသွေးရောင်ပြောင်းသွားလေသည်။ ရန်ရိမှာ လုရှန့်ကျင်မမြင်လောက်မယ့်နေရာကို အမြန် ပုန်းလိုက်ရပြီး သူ့အဝတ်တွေကို လဲပစ်လိုက်ရ​၏။

သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး Video Callကို ဘယ်လိုအဆုံးသတ်ဖို့ စတင်ရမလဲဆိုတာကိုမသိ၊ သို့ပေမယ်လဲ မသိလိုက်မသိဘာသာဖြင့် Callကို မရပ်လိုက်ချင်ပါချေ။

" ကပ်စေးနှဲလိုက်တာ... ဒါဆို ငါကပဲ မင်းမြင်အောင် ချွတ်လိုက်ပါ့မယ် " လုရှန့်ကျင်က ပြုံး၍ Bathrobe ကို ကြယ်သီးဖြုတ်လိုက်ပြီး ဘေးကိုလွှင့်ပစ်လိုက်သည်။ ထို့နောက် ခေါင်းအုံးဘေးက နက်ပြာရောင် Pajamasကို ဝတ်လိုက်​၏။

လုရှန့်ကျင်ရဲ့ ခန္ဓာကိုယ်ပေါ်က ကျည်ဆန်ရာ အမာရွတ်တွေကလဲ ရန်ရိထက်တော့ မနည်းပေ။ သူ ငယ်စဉ်ကတည်းက ထိုအမာရွတ်တွေကို ဆုတံဆိပ်များအဖြစ် မှတ်ယူကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရတာကိုလဲ နှစ်သက်လေသည်။

သူက အရပ်မြင့်ပြီး ခါးနဲ့ ဗိုက်ကို ချိတ်ဆက်ပေးထားတဲ့ တြိဂံပြောင်းပြန်ပုံစံ ကျောပြင်ရှိသည်။ လုရှန့်ကျင်က စခရင်ကိုမျက်နှာပေး၍ Pajamas ကို ဝတ်နေလိုက်သည်။ သူ့လက်မောင်းတွေကို မြှောက်လိုက်ချိန်မှာ မြင်သာနေသည့် ကြွက်သားတွေအား ရှုပ်ရှတ်ခတ်နေသည့် အမာရွတ်တချို့နှင့် ရေးထွင်းထားသေးသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now