Chapter 40

6K 762 19
                                    

|| Unicode ||

ထန်မုန့်က ရန်ရိအတွက် Black Teaတစ်ခွက်ငဲ့ပေးနေခိုက် ပိရွေ့ကျင်းက ရုတ်တရက် တံခါးဘေးမှာ ဆိုးရွားတဲ့အမူအရာနဲ့ရပ်လို့လာသည်။

" အလျင်လိုနေလို့... ​​ကိုယ်တို့ဆေးရုံသွားရအောင် "

ထန်မုန့်က မျက်မှောင်ကြုတ်လိုက်ပြီး " ဘာကိစ္စရှိလို့လဲ"

ပိရွေ့ကျင်းက ရန်ရိကို တစ်ချက်ကြည့်၍ သူပြောမယ့်ဟာကို ထိန်းထားမိသည်။ တံခါးမှဖြတ်၍ လုရှန့်ကျင် ကသုတ်ကပျာဖြင့် ကုတ်အင်္ကျီကိုယူကာ အောက်ထပ်ဆင်းသွားသည်ကို ရန်ရိ မြင်လိုက်ရ​၏။

သုံးယောက်သား အလျင်စလိုနှင့် ထွက်သွားကြလျှင် ထန်မုန့်က မထိုင်နိုင်တော့ပဲ ကလေးထိန်းကို ကုတ်အင်္ကျီယူပေးဖို့ပြောလိုက်​၏။

ရန်ရိကတော့ လျစ်လျူပြုစွာဖြင့် ခေါင်းငုံ့ရင်း ကိတ်ကို စားနေခဲ့သည်။

" မင်း ငါနဲ့လိုက်ခဲ့မလား " ထန်မုန့်က ကားသော့ကို လက်ချောင်းတွေကြားမှာ လှည့်လိုက်ပြီး " မင်းAlphaက အရမ်းစိတ်ပူနေတဲ့ပုံပဲ "

" ငါ မသွားတော့ဘူး " ရန်ရိကကိတ်ကိုပဲ ဆိတ်ငြိမ်စွာ စားနေလိုက်သည် ။

သူဟာ လုရှန့်ကျင် သူ့ကို မသိစေချင်တဲ့အရာတွေကို မရှာဖွေတတ်ဖို့ ကျင့်သားရနေပြီဖြစ်​၏။ တစ်ယောက်နဲ့တစ်ယောက်လှည့်သာပြောင်းသာနှင့် မျက်နှာပေးထားမည်။

အခုအချိန်၌ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တော်တော်လေး လျော့ပေါ့လာပြီပင်၊ လုရှန့်ကျင်က သူ့ရဲ့ ပင်ကိုစရိုက်ကိုတကယ်ပဲ စတင်ပြောင်းလဲနေပုံပေါ်​၏။ ရန်ရိ အခုမှ ပြန်လည်မွန်းမံထားတဲ့ သူတို့နှစ်ယောက်ကြားက ယုံကြည်မှုကို ဖျက်စီးစေမယ့် မမြင်သင့်သောအရာမျိူးကို မမြင်လိုပါချေ။

" အွန်း...မင်း လုရှန့်ကျင်အပေါ်အရမ်းကြီးလဲအလိုမလိုက်ပါနဲ့။ငါ သွားပြီးကြည့်ရမယ် "

ထန်မုန့်က သူ့ ကုတ်အင်္ကျီကိုဝတ်ပြီး အောက်ထပ်ကို အမြန်ဆင်းသွားတော့သည်။

ရန်ရိမတတ်နိုင်တော့ ၊ ဒီလို ရှောင်လာ့ကျောင်း* သူ့ဘာသာသူ ထွက်သွားမှာကို ခွင့်ပြုဖို့တော့ စိတ်ပူရ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now