Chapter 65

6.1K 743 13
                                    

|| Unicode ||

Warning // Mature Contents

ဂလင်းတွေ ကြီးထွားနှုန်း​၏ တည်ငြိမ်သည့်အနေအထားကို ဟန်ချက်ညီစေရန် ဒေါက်တာကျူံးက ရန်ရိကို တစ်လလောက် ကြီးထွားဆေး သောက်စေခဲ့သည်။ ထိုအချိန်အတွင်း၌ သူက ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သောစွမ်းအင်ကို ဖြည့်တင်းရန် လုရှန့်ကျင်ပေးလာတဲ့ ချွေးသိပ် pheromone ကိုသာ အားကိုးခဲ့ပေသည်။

တစ်လ ကြာပြီးနောက်....

လုရှန့်ကျင် အိပ်ခန်းထဲရှိ ဗီရိုကိုဖွင့်လိုက်လျှင် ရန်ရိက ဘောလုံးလေးလို ပိုက်ထား၍ ထောင့်စွန်းမှာပုန်းလျက် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ သူ့ကိုယ်သူ အဝတ်တွေထဲမြှုပ်ထားလေသည်။

" ရန်ရန်...မနေ့ညက သဘောတူပြီးသားလေ။ နာခံတော့ " လုရှန့်ကျင်က ဗီရိုထဲသို့ ကိုင်းဝင်၍ ရန်ရိ​၏ စူနေသောအမြှီးလေးကို ထိရင်း ဖွဖွလေး ဆွဲလိုက်သည်။ " ထွက်ခဲ့တော့ "

ရန်ရိက သေချင်ယောင်ဆောင်နေလေ​၏။

လုရှန့်ကျင်က ပြန့်ကျဲနေသောအဝတ်တို့ကို ဆွဲဖယ်၍ ရန်ရိကို ဆွဲထုတ်ကာ ချိုင်းကြားမှ မြှောက်ကိုင်လိုက်ပြီး ဗီရို အပြင်ဘက်ထွက်လာအောင် သယ်လိုက်သည်။ " ခဏနေရင် ကောင်းသွားတော့မှာ "

ရန်ရိက သူ့ပုခုံးပေါ်မှာ အထမ်းခံထားရပြီး မလှုပ်နိုင်။ သူ့​၏ နောက်ခြေထောက်လေးတွေကတွဲလဲကျလျက်။ " ငါ ဆေးရုံမသွားချင်ဘူး "

" မသွားချင်ရင်လဲ သွားရမှာပဲ " လုရှန့်ကျင်က သူ့တင်ပါးလေးကို ဖွဖွ ရိုက်လိုက်ကာ " ကိုယ်က မင်းနဲ့အတူရှိမှာပဲလေ၊ဘာကို ကြောက်နေတာလဲ "

ခဏအကြာထိ အချိန်ဆွဲ ချော့မော့ပြီးသကာလ အန်းဖေးယဆေးရုံကို ရောက်သော် မွန်းလွဲ ၂နာရီပင် ရှိနေချေပြီ။

ရန်ရိက လုရှန့်ကျင်လက်မောင်းထဲမှာ စိုးရိမ်တကြီးလဲလျောင်းလျက် လုရှန့်ကျင်​၏လက်မောင်းကိုလဲ ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အမြှီးလုံးလေးက တဆတ်ဆတ်တုန်နေ​၏။

ဘောင်းဘီက တရွေ့ရွေ့နှင့် တစ်ဝက်လောက်ထိ ဆွဲချခံထားရပြီး ရန်ရိက ကြောက်လန့်စွာဖြင့် ဘောင်းဘီခါးစကို ကိုင်ထားရင်း သူက လုရှန့်ကျင် လည်ပင်းပေါ်မှာ မှီထားလေ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now