Chapter 43

5.5K 809 27
                                    

|| Unicode ||

ရန်ရိ မျက်လုံးဖွင့်လိုက်သောအခါ မရင်းနှီးပါတဲ့ Pheromoneရနံ့တစ်ခုဖြင့် ပတ်ရံထားခံရသည်။

သူ ထဖို့ ရုန်းကန်လိုက်သော်လည်း သူ့ကျောရိုးမှာ တိုင်လုံးတစ်ခု၌ သံစွဲရိုက်ထားသည့်အတိုင်း လေးလံနေခဲ့သည်။ သူလက်ဆန့်၍ ကျောပြင်ကို ထိလိုက်မိသည်။ ယင်းသည် အမှန်တကယ်ပင် ကျောရိုး၌ စိုက်ထားသောအပျော့စားသတ္တုဆေးထိုးဆေးတစ်ချောင်းရှိနေခဲ့လေသည်။ ပြီးလျှင် ဆေးအေးအေးတွေက သူ့ကျောရိုးအဟ,မှတဆင့် စီးဝင်လာခဲ့​၏။ သူ့ခန္ဓာကိုယ်ရဲ့ အများစုမှာ အေးစက်ပြီး ထုံကျင်နေခဲ့သည်။

သူ့ပတ်ပတ်လည်တွင် မီးရောင်ဟူ၍မရှိပဲ အမှောင်အတိ။ သူ့လက်ကိုဆန့်လိုက်၍ ဘယ်နေရာမှာလဲဆိုတာ သိဖို့ ခံစားလိုက်ချင်သော်လည်း၊ ဆယ်စင်တီမီတာလောက်ပဲ လက်ဆန့်ရုံမျှဖြင့် သံဆူးကြိုးတွေနဲ့ ထိမိသွားရသည်။

လက်ဆန့်ရုံဖြင့်ပင် ရန်ရိရဲ့ ကိုယ်တစ်ခုလုံးက ပင်ပန်းနွမ်းလျသွားရ​၏။ သူ့ဘေးဘက်ကို လှဲလိုက်၍ အသက်ကိုဖမ်းရှုလိုက်ရင်းဆက်ပြီးစူးစမ်းချင်စိတ်လဲ ပျောက်သွားတော့သည်။

တစ်စုံတစ်ယောက်က တံခါးတွန်းဖွင့်၍ ဝင်လာပြီး မီးခလုတ်ကို နှိပ်လိုက်သည်။

အဆိပ်ပြင်းပြင်း မြွေတစ်ကောင်ကဲ့သို့ ရန်လိုလွန်းသော ဘိန်းရနံ့တွေက လွှမ်းခြုံသွားရပြီး ယင်းက အဆင့်မြင့် M2 Alphaတစ်ယောက်နှင့် ပိုင်ဆိုင်သည်ပင်။

စူးရှလှတဲ့ အလင်းရောင်ကြောင့် ရန်ရိ မျက်လုံးတွေ မဖွင့်နိုင်ဖြစ်သွားရသည်။ခဏမျှကြာမှ သူ့ရဲ့လက်ရှိအခြေအနေကိုသေချာမြင်နိုင်ဖို့ မျက်လုံးတွေကို မှေးစင်းလိုက်မိတော့သည်။

သူဟာ သံဆူးကြိုးတွေနဲ့ပြုလုပ်ထားတဲ့ လှောင်အိမ်အကျဉ်းတစ်ခုထဲမှာ ထည့်ပိတ်ခံထားရ​၏။

ရှောက်ဝမ်းကျင်းက သူ့ဘေးမှာ ထိုင်ချလိုက်ပြီး လက်ချောင်းတွေကို လှောင်အိမ်ထဲထည့်ကာ သူ့ပါးပြင်ကို ခပ်ဖွဖွ ထိလို့လာသည်​။ သူက အောက်နှုတ်ခမ်းကို သပ်လိုက်၍ , " နောက်ဆုံးတော့ မင်းနိုးလာပြီပေါ့... ကိုယ်မင်းကို ငရဲကနေ ကယ်ပေးခဲ့တာ... မင်း အသိအမှတ်ပြုရဲ့လား? "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Dove le storie prendono vita. Scoprilo ora