Chapter 21

5.7K 875 10
                                    

|| Unicode ||

ဖုန်းက တုန်လာပြန်သည်။ ရန်ရိ ငုံ့ကြည့်လိုက်လျှင် လုရှန့်ကျင်က နံပါတ်ပြောင်း၍ messageတစ်စောင်ပို့လာတာပင်။

{ လိပ်စာပေးပါ... ငါမင်းကို လာခေါ်မယ် }

ရန်ရိ နှုတ်ခမ်းထောင့်တွေတွန့်ခနဲ့ဖြစ်သွားပြီး ကျစ်ဟမြီးသေးသေးလေးဖြစ်အောင် စုချည်ထားသည့် မီးခိုးဖျော့ရောင်ဆံပင်တွေကို ဖွဖွလေး ပွတ်သပ်လိုက်သည်။ သူ့ခြေထောက်နှစ်ဖက်စလုံးက ထိုင်ခုံမြင့်ပေါ်မှာ ရှိနေပြီး မျက်လုံးတွေကဝေခွဲမရစွာဖြင့် စခရင်ကို တွေဝေလျက် ကြည့်နေခဲ့မိသည်။

လုရှန့်ကျင်က သူ့ကို ဖုန်းနံပါတ်ပြောင်းပြီး သူ့ကို ဆက်သွယ်လာကာ လာခေါ်ပေးမယ်လို့ ပြောသည်။ သူတို့နှစ်ယောက်ချစ်ခဲ့ကြတုန်းကတောင် လုရှန့်ကျင်ဟာ သူ့ကို ချော့ဖို့ ဒီလောက်စိတ်ရှည်ပေးတာမျိုး မပြဖူးခဲ့ပါချေ။

" မင်း ဘာတွေလုပ်နေတာလဲ? " ရန်ရိ ခေါင်းငုံ့၍ ဆံပင်တို့ဖြင့် မျက်လုံးတွေကို ကာလိုက်သည်။ စခရင်ပေါ်ကလက်ချောင်းတွေက တုန်နေကာ နှင်းဆီရောင် နှုတ်ခမ်းသားတို့က အနည်းငယ် ပွင့်အာလျက် သွားဖြူဖြူလေးကနှုတ်ခမ်းကို သွေးထွက်အောင် ကိုက်လိုက်သည်။

" ငါ ငါတို့အရင်တုန်းက လာဖူးတဲ့ဘားမှာ "

စာကြောင်းတိုတိုတစ်ခုပြီးနောက် အဲ့ဒါကို မပို့ခင် Edit Columnမှာပဲ သုံးမိနစ်လောက်ကြာအောင် ရှိနေခဲ့သည်။

ခဏလောက် တိတ်သွားပြီးမှ လုရှန့်ကျင် မေးလာတာက

" ငါတို့က ဘားတွေအများကြီး ရောက်ခဲ့ဖူးတာပဲကို ။ ဘယ်တစ်ခုလဲ? "

ရန်ရိ မျက်လုံးတွေ မှိုင်းဖျသွားရကာ သူ့ညာလက်က လက်သူကြွယ်ကို ငုံ့ကြည့်လိုက်မိ​၏။

တကယ်ပဲလုပ်ခဲ့တာလားလို့တောင် သူ သံသယနည်းနည်းရှိမိသည်။ သာမန်လူတွေက ဒီလို မရှိရင်လဲဖြစ်တဲ့ အရာမျိုးကိုတကယ် မမှတ်မိကြတာလဲ ဖြစ်နိုင်ပါသည်။

သွေ့ဖျီဘားတွင် စုံတွဲတွေထားခဲ့တဲ့ ပိုစ့်စကဒ်တွေ ဖုံးလွှမ်းနေသော နံရံတစ်ခုရှိသည်။ယင်းသည် ငွေရှာဖို့အတွက် ဘားပိုင်ရှင်ရဲ့ လှည့်ကွက်တစ်ခုမျှသာပင်။ သို့ပေမယ့် တစ်သက်မှာ တစ်ခါပဲ ဒီကိုရောက်ခဲ့တဲ့ ချစ်သူရည်းစားတွေအဖို့တော့ ပို့စကဒ်တစ်ခုဟာ ဖျောက်ဖျက်လို့မရနိုင်သေးတဲ့ ပဲ့တင့်သံလေးဖြစ်နိုင်ပါ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now