Chapter 48

6.5K 775 18
                                    

|| Unicode ||

အိပ်ခန်းတံခါးက သာသာလေး ပွင့်လာပြီး ရန်ရိက ကော်ဇောပေါ်ကို နင်းကာ တံခါးမှာ ရပ်လာခဲ့လေသည်။သူကPajamasလေး ဝတ်ထား၍ သူတို့နှစ်ယောက်အား အံ့ဩသင့်စွာဖြင့် ကြည့်လို့လာ​၏။

ပင့်ကူOmegaလေးက ငိုတာရပ်သွား၍ တရှုံ့ရှုံ့ဖြင့် ရန်ရိကို ပြန်ကြည့်လာသည်။

စက္ကန့်အနည်းငယ်တိုင် ဗလာကျင်းစွာ စိုက်ကြည့်နေပြီးမှ သူက ရန်ရိထံ လက်သေးသေးလေးတွေ ဆန့်ပေးလာခဲ့ချေသည်။

ရန်ရိ မျက်လုံးလေးတွေ ပြူးကျယ်သွားပြီး ချီတုံချတုံဖြစ်ရင်းပင် ရှောက်ဝမ်းကျင်း လက်မောင်းတွေကြားက ကလေးလေးကို လက်ဆန့်၍ ယူလိုက်​၏။

" ထုထု " ရှောက်ဝမ်းချီက ရန်ရိလည်တိုင်ကို ဖက်လိုက်၍ ဒိန်ခဲလေးလို နူးညံ့ပါသော သူ့မျက်နှာလေးကို ရန်ရိ လည်ပင်းနဲ့ဖွဖွလေး ပွတ်နေလိုက်သည်။

ရန်ရိရဲ့ နှေးကွေးလေးကန်နေသော မျက်လုံးများမှာ တဖြည်းဖြည်းနဲ့ တောက်ပလာခဲ့ပြီး လက်မောင်းထဲက ကလေးလေးကို ပုတ်ပေးရင်း ချွေးသိပ် Pheromone သင်းပျံ့ပျံ့လေးကို လွှတ်ပေးလိုက်လေသည်။ " မငိုနဲ့တော့ "

" အွန်း " ရှောက်ဝမ်းချီက နာခံစွာဖြင့် နှုတ်ခမ်းလေးတွေကို စေ့လိုက်ပြီး ဖြူနုပါတဲ့ မျက်နှာလေးကိုဖောင်းကာ ရန်ရိအားအသံတိုးလေးဖြင့် ရှင်းပြလာ​၏ ။

" သူက မကောင်းတဲ့ကိုကို မဟုတ်ပါဘူး၊ သူက များသောအားဖြင့် တခြားသူတွေကို အနိုင်မကျင့်တတ်ပါဘူး။ ဒါကြောင့်သူ့ကို မကြောက်ပါနဲ့ "

ရှောက်ဝမ်းကျင်းမှာ မျက်မှောင်ကြုတ်သွားပြီး ရယ်လိုက်မိသည်။ သူက တံခါးကို လက်ချိတ်၍ မှီလိုက်ပြီး

" အိုး ဒါပေါ့ဗျာ... ကိုယ်က လူကောင်းတစ်ယောက်ဆိုတာကိုတော့ မင်း အမှတ်ရသင့်တယ် "

သခင်လေး ဝမ်းချီကတော့ ရုတ်တရက် ပြေးထွက်သွား​၏။ စားဖိုမှုးက ဟင်းပွဲတချို့ကို ချက်ပြုတ်လာချေပြီ။ ရှောက်ဝမ်းကျင်းကမူ သက်တောင်စောင့်များအား ခြံဝန်းအပြင်ဘက်ထွက်၍ ရှောက်ဝမ်းချီ လာစဉ်က ကျန်ခဲ့သော Pheromone တွေကို ရှင်းပစ်ဖို့ အမိန့်ပေးလိုက်သည်။ သို့မှသာ လုရှန့်ကျင်အား အခွင့်အရေးမပေးမိမှာပင်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Nơi câu chuyện tồn tại. Hãy khám phá bây giờ