Chapter 22

5.8K 919 23
                                    

|| Unicode ||

ရန်ရိ အသက်တစ်ချက်ရှူ၍ မတ်တပ်ထရပ်လိုက်သည်။ တံခါးနောက်မှ သံရိုက်တံကို ယူလိုက်၍ မြေကြီးပေါ်ကိုဆွဲရင်း သစ်သားလှေကားမှ တစ်လှမ်းပြီး တစ်လှမ်း ဆင်းလာခဲ့တော့သည်။

အောက်ထပ်၌ ပထမဆုံး မျက်လုံးထဲဝင်လာသူကတော့ ကုဝေဖြစ်​၏။ သူက ခွေးခြေခုံအဝိုင်းပေါ်မှာ မတ်တပ်ရပ်၍ ညာဘက်လက်မှာ ဘီယာပုလင်းအကွဲကို ကိုင်ထားကာ ချွန်မြနေတဲ့ အစွန်းတို့က တံခါးတစ်ဖက်ကို ညွှန်ပြနေခဲ့သည်။သူက အသက်ကို ဖမ်းရှူရင်း ပြင်းထန်စွာ ကြိမ်းမောင်းနေ​၏။ " တစ်လတစ်ခါလာတယ်။ ငါတို့က ဘယ်လိုစီးပွားရေးလုပ်ရတော့မှာလဲ။ "

ဆိုင်အတွင်း၌ လာရောက်သူ နှစ်ယောက်၊ သုံးယောက် ရှိနေဆဲဖြစ်ပြီး ပက်လက်လှန်နေတဲ့ စားပွဲဝိုင်းနောက်တွင် တိုးဝှေ့ပူးကပ်လျက် တုန်တုန်ယင်ယင်နဲ့ ပုန်းနေကြသည့်တိုင် သားရေဂျာကင်ဝတ်ထားသော Alphaတို့ထံမှ တစ်ယောက်ချင်းစစ်ဆေးမေးဖို့ ခေါ်ခံနေရ​၏။

ခေါင်းဆောင်သည်ကား ရွှေရောင် အမောက်ပါသော J1အဆင့်ကွဲပြားထားသည့် ကျိုင်းကောင် Alpha ဖြစ်ပေသည်။

ကျိုင်းကောင်Alphaမှာ စုံစမ်းရေး အပ်တစ်ချောင်းဖြင့် ပုန်းနေကြတဲ့ လာရောက်သူများကို တစ်ယောက်ချင်းခေါ်ကာ တစ်ယောက်စီရဲ့ ဂလင်းတွေကို စူးစမ်းနေ​၏။ ပြီးလျှင် အမှိုက်တစ်စလို ဘေးကို စွန့်ပစ်လိုက်သည်။

" သွား... အပေါ်တက်ပြီး ပတ်ပတ်လည်ကို လိုက်ရှာ! " ကျိုင်းကောင်Alphaက အချက်ပြလိုက်လျှင် သူ့နောက်မှ J1 Alpha ငါးယောက်က သစ်သားလှေကားအတိုင်း တက်သွားရန်ပြင်သည်။

" ဟေး! မင်း အဲ့ဒီကို လျှောက်သွားလို့ မရဘူး " ကုဝေမှာ ရန်ရိတစ်ယောက်တည်း ထိုနေရာ၌ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သဖြင့် လက်ဆန့်ကာ ကျိုင်းကောင်Alphaရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်သည်။ ပြီးလျှင် ချက်ချင်းဆိုသလို ဖိနှိပ်တဲ့Pheromoneတို့ကို ထုတ်လိုက်ပြီး တစ်ချိန်ထဲမှာပဲ J1သရုပ်ကွဲ စွမ်းရည်ကိုလဲ ထုတ်လိုက်​၏။

ဟက်စကီးAlphaရဲ့ J1သရုပ်ကွဲစွမ်းရည်ကို ထုတ်လွှတ်လိုက်သည်နှင့် လက်ချောင်းနဲ့ ထိသမျှ အရာရာတိုင်းက ချက်ချင်းကျိူးပဲ့သွားတဲ့ အစအနတို့အဖြစ် ပြောင်းလဲသွားလေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now