Chapter 29

5.1K 753 20
                                    

|| Unicode ||

အန်းဖေးယ ဆေးရုံမှာ ဒီနေ့ အရမ်းအသက်ဝင်နေသည်။ အနက်ရောင် BMW 760Li တစ်စင်း၊ Panameraတစ်စင်းနှင့်Ferrari 612 တစ်စင်းတို့က တံခါးရှေ့မှာ ရပ်ထားကြသည်။

ဆေးရုံ တတိယထပ်က အစည်းအဝေးခန်း အတွင်းပိုင်အကျဆုံး နေရာတွင် Password တံခါးနှင့်အသေးစိတ်စောင့်ကြည့်ရေးခန်း တစ်ခန်းရှိသည်။ ဝင်လမ်း ထိန်းချုပ်ရေးမှတဆင့် လက်ဗွေရာတွေ၊ အသံတွေနဲ့ မျက်လုံး၊ ခြေလှမ်းတွေဟာစစ်ဆေးရန် လိုအပ်လေသည်။ identity Verification လေးမျိူးက မတော်တဆ ဝင်ရောက်လာနိုင်ခြေရှိတဲ့ အရာအားလုံးကိုတားဆီးပေးသည်ပင်။

ကလေး သားဖောက်စက် ပတ်ပတ်လည်၌ လူကြီးသုံးယောက်က စောင့်ကြည့်နေကြသည်။

ပန်းသွေးရောင်နှင့် တွန့်လိမ်နေသော ကလေးလေးမှာ ကျောခင်း၍ အိပ်ပျော်နေပြီး သူ့ခန္ဓာကိုယ်ပေါ်က အဖြူရောင်အသားအရေပါးတစ်လွှာကဖုံးလွှမ်းထားသည်။ ပြီးလျှင် ချက်ကြိုးကလဲ ဖြတ်ထားတာကြောင့် အလွန်ကို သေးငယ်လှပါသော ပန်းနီရောင် ဗိုက်သားစူစူလေးက ပေါ်လွင်နေသည်။

ပိရွေ့ကျင်းက သားဖောက်စက်ကို လက်နှစ်ဖက်နှင့် ကိုင်ထားသည်။ အင်္ကျီလက်စတွေကို ပင့်တင်ထားရာ ကြွက်သားတွေနဲ့ လက်ဖျံမှာ အပြာရောင် သင်္ကေတတစ်ခုက ပေါ်နေသည် : PBB-000026

သူ့ သူငယ်အိမ်တို့က ကလေးမျက်နှာကို စိုက်ကြည့်ရင်း တုန်ယင်နေခဲ့သည်။ " တော်တော်လေး ကြည့်ကောင်းတာပဲ။ ငါ့ဦးလေး မဆုံးခင်ကလဲ အမြဲတမ်း အလှလေးဖြစ်ခဲ့တာ။ ကလေးက ကြီးပြင်းလာမှာပါ "

ယဲ့ဝမ်က ပိရွေ့ကျင်းရဲ့ ကပ္ပတိန်ဖြစ်ခဲ့ဖူး​၏။ ရုတ်တရက်ကြီး နှစ်ပေါင်းများစွာထဲက ဆုံးပါးခဲ့သော ကပ္ပတိန်က လွန်ခဲ့တဲ့တစ်ပတ်ကမှ အမှန်တကယ် ဆုံးပါးသွားသည်ကို သိလိုက်ရလေသည်။သူ ချက်ချင်းလက်ငင်း ဆုံးပါးသွားခြင်းက ပိရွေ့ကျင်းအတွက်မူ လုံးဝမထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး အချိန်အတော်ကြာ သတိမဝင်နိုင်ဖြစ်ရလေသည်။

ရှဖျင့်ထျန်က လက်ကို ဆိုဖာနောက်တင်၍ ခြေထောက်တွေကို ချိတ်ထိုင်ရင်း မီးမညှိရသေးတဲ့ စီးကရက်တစ်လိပ်ကိုပါးစပ်ထဲမှာ ခဲလျက် သတ္တုမီးခြစ်ကို အသံမြည်အောင် ဟိုရွှေ့သည်ရွှေ့လုပ်နေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now