Chapter 58

4.9K 702 64
                                    

|| Unicode ||

လုရှန့်ကျင်တစ်ယောက် ပြုပြင်ထားသည့်ရေငုပ်သင်္ဘောပေါ်ကို တက်လာပြီးနောက် မလှုပ်နိုင်တော့ပေ။ သူကသားဖောက်စက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး လက်ချောင်းဖျားတို့က Control Panelကို ထိနေသည်။ ပင်လယ်ရေရောနေသော သွေးတို့က Panelတစ်လျှောက် အဟနေရာမှာ စီးကျကုန်​၏။

ရှကျင့်ထျန်က ရေအကာကိုဖြတ်ဝင်၍ အကာအကွယ်ခါးပတ်ကို ချည်လိုက်သည်။ မီးခိုးရောင်ယုန်ပေါက်လေးကိုလဲခေါက်ပြားမှာ ချည်ပေးလိုက်ပြီး မောင်းသူခုံမှာ ထိုင်၍ Control Panelကို မြန်မြန်ပင် လည်ပတ်စေလိုက်သည်။

" မင်းမဖွင့်နိုင်ရင် ငါ့ကို လွှဲပေး " လုရှန့်ကျင်က ကျည်-ရေကာမှန်မှတဆင့် အခြေစိုက်စခန်းဝင်ပေါက်ကို စိုက်ကြည့်နေရာလုံခြုံရေးတပ်ဖွဲ့မှ စစ်သားတော်တော်များများက သူတို့ လမ်းကြောင်းအတိုင်း လိုက်ပါလာခဲ့ကြသည်။

" ပူမနေနဲ့...ကျွန်တော်က ကျောင်းကလုပ်တဲ့ ဒရုန်းပြိုင်ပွဲမှာ အထူးဆု ရထားတာ "

ပြုပြင်ထားသည့် ရေငုပ်သင်္ဘောက စထွက်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ဆွဲငင်အားမှ ထိန်းချုပ်ခံလိုက်ရကာအလွန်အမင်းလျင်မြန်စွာဖြင့် အထက်ကို မြင့်တက်လာခဲ့ချေ​၏။ အခန်းတွင်းရှိ ဖိအားဟန်ချက် အမြန်နှုန်းက အမော့တက်အမြန်နှုန်းထက် ပိုလျော့ကျလာပြီး ပြင်ပဖိအားမှာ သိသိသာသာ လျော့ကျလာရလျှင် လုရှန့်ကျင်မှာ လည်ချောင်းဝသို့ သွေးတစ်လုတ် ဆန်တက်လာတော့သည်။

မီးခိုးရောင်ယုန်ပေါကါလေးက ခေါက်ပြားပေါ်မှာ ကွေးလျက် ကာကွယ်​ရေး ခါးပတ်ကို တင်းတင်းဆုပ်ထားရှာသည်။ ယုန်တွေကိုက လွယ်လင့်တကူ ကြောက်ရွံ့ထိတ်လန့်တတ်​၏။ မီးခိုးရောင်ယုန်ပေါက်လေး​၏ နှာထိပ်ဖျားလေးမှာ တသိမ့်သိမ့်တုန်နေပြီး ပင်လယ်ရေစိုနေသည့် နားရွက်လေးတွေက နုံးခွေကာ လည်ပင်းပေါ်ကျနေခဲ့သည်။

လုရှန့်ကျင်က သူ့ကိုယ်သူ ထောက်ထ၍ အနီးမှာ ဝင်ထိုင်လိုက်ကာ မီးခိုးရောင်ယုန်နားရွက်လေးတွေကို လိမ်ပြီး အထဲကပင်လယ်ရေတွေကို သုတ်ပေးလိုက်မိ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now