Chapter 23

6K 939 20
                                    

|| Unicode ||

Panamera တစ်စင်းက အရှိန်လျှော့သွား၍ စောင်းလျှောလမ်း​၏ အထွက်ကို မောင်းလာခဲ့သည်။ မနက်ခင်း သုံးနာရီ၌အဝေးပြေးလမ်းမကြီးထက်တွင် ကားအနည်းငယ်သာ ပြတ်တောင်းပြတ်တောင်းနဲ့ မောင်းနှင်လို့နေသည်။

ရှကျင့်ထျန် ကားမောင်းရင်း သမ်းလိုက်ပြီး ခရီးသည်ထိုင်ခုံမှာ ထိုင်နေသော Omega ပိန်ပိန်လေးကို ရေတစ်ဘူး ကမ်းပေးလိုက်သည်။

Omega သည်ကား စိတ်ပူပန်မှု ပြင်းထန်နေသော အနေအထားမှာ ရှိနေတာကြောင့် ခရီးသည်ထိုင်ခုံမှာ ဘောလုံးလေးလိုကွေး၍ ထိုင်ခုံခါးပတ်ကိုလဲ တင်းတင်းဆုပ်ကိုင်ထားလေသည်။ ပြီးလျှင်ဆေးရုံဝတ်စုံအောက်မှ ဟမ်းစတား အမြီးတိုတိုလေးကိုလဲ ဆန့်ထုတ်ထား​၏။

ဟမ်းစတားOmegaက ရှကျင့်ထျန်ပေးသော ရေသန့်ဘူးကို တုန်တုန်ယင်ယင်နဲ့ ယူလိုက်ပြီး အချိန်အတော်ကြာ ခက်ခက်ခဲခဲ လှည့်နေသည့်တိုင် မပွင့်လာပါချေ။ သူက ရေသန့်ဘူးကို အားပျော့စွာ ပိုက်ထားပြီး အောက်ကို ငုံ့နေ​၏။

" အားကလည်း တအားကို သေးလိုက်တာကွာ " ရှကျင့်ထျန် ရယ်လိုက်ပြီး ရေသန့်ဘူးကို ပြန်ယူကာ လက်ဖျံကြားညှပ်၍လက်တစ်ဖက်တည်းဖြင့် အဖုံးကို ဖွင့်ပေးလိုက်ပြီး ဟမ်းစတားOmegaကို ပေးလိုက်သည်။

Omegaက၎င်းကို ကျေးဇူးတင်စွာဖြင့် လက်နှစ်ဖက်လုံးဖြင့် ယူလိုက်ကာ အသံတိုးလေးနဲ့ ရှင်းပြလာခဲ့သည်။ " ဘာလို့လဲဆိုတော့ မတိုင်ခင်က ခွဲစိတ်မှုတစ်ခု လုပ်ခဲ့ရလို့ပါ။ ကျွန်တော် ဂလင်းမြုံစေတဲ့ဆေးတွေလဲ ထိုးခံရတော့ ၊ အား အများကြီး ရှိမနေတာ "

ရှကျင့်ထျန်က မထီမဲ့မြင်ဟန်ဖြင့် " လုရှန့်ကျင်က ဂလင်းတွေပြောင်းဖို့ ဘာလို့ မင်းကို စီစဉ်ပေးတာလဲ? "

" ကြည့်ရတာ... ငါတို့က လိုက်ဖက်ညီနှုန်းမြင့်တော့... သူ့ချစ်သူနဲ့ပိုပြီး လိုက်ဖက်ညီချင်လို့ ထင်တယ်.... "

ဟမ်းစတားလေးက ခြေထောက်သွယ်သွယ်လေးကို ပိုက်ထားရင်း ခြေဗလာလေးနဲ့ ဖြစ်သည်။ သူ့ ခြေချောင်းလေးတွေကလဲ ဆန်စေးကိတ် ဖြူဖြူနုနုလေးတွေ အတန်းလိုက်ဖြစ်နေသလို ဖြူဝင်း လုံးဝန်း​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now