Chapter 32

4.9K 798 24
                                    

|| Unicode ||

ရုတ်တရက် သူကြောင်အသွားပြီး ဆေးထိုးအပ်ကို ကိုင်ကာ မှန်ရှေ့မှာပဲ ဗလာကျင်းစွာ ရပ်နေခဲ့မိသည်။

ပြီးခဲ့သည့် သုံးနှစ်အတွင်းမှာ သူ ရန်ရိနဲ့ အိပ်ခဲ့တဲ့ အကြိမ်ရေအတွက်ဟာ တော်တော်လေးကို အကန့်အသတ်နှင့်ဖြစ်ပြီး သူ့Heatကာလတွေက..... အားလုံး Inhibitor တွေနဲ့ ထောက်ကူပေးထားရတာလား?

သူ အဲ့ဒါကို မစဉ်းစားမိခဲ့ပေ။

ချက်ချင်းပင် ရန်ရိ လက်ဖျံပေါ်က အပ်ပေါက်ရာတွေကို သူ ပြန်အမှတ်ရမိသွား​၏။အပ်ရာ အဟောင်းရော အသစ်တွေပါတစ်ခုနဲ့တစ်ခု ဖုံးလွှမ်းလျက်ရှိနေသည်။ ရေရှည်ထိုးလာခဲ့ပြီဖြစ်လို့ လက်ဖျံပေါ်က အရေပြားအောက်မှာတောင် အပြာနုရောင်အဖုလေးတွေ ပေါ်နေခဲ့သည်။

လုရှန့်ကျင် သူ့လက်ထဲက ဆေးထိုးအပ်ကို ဆုပ်ထားမိ​၏။ မုန်လာဥနီစတေကာနုတ်လေးတွေနဲ့ Inhibitorအားလုံးကို စုလိုက်ပြီး အိပ်ခန်းထဲက အံဆွဲထဲ ထည့်လိုက်တော့သည်။

သူ အိပ်ရာပေါ်မှာထိုင်လိုက်ပြီး ကျောပြင်ကို ပုစွန်တစ်ကောင်လို ခုံးကာ ခေါင်းကိုကိုင်ရင်း ဦးရေအား အားပါပါနဲ့ ထိုးဖွလိုက်မိသည်။

အခု သူ ရန်ရိအပေါ်မှာလုပ်လိုက်တဲ့ စိတ်သဘောထားက အရမ်း ပြင်းထန်သွားပြီလား ?

အင်း... Rutကြောင့်ဖြစ်ရမည် ၊ Rut ကာလအတွင်းမှာ သူဟာ စိတ်တိုစရာတွေကို မဖြေရှင်းနိုင်သလို၊ ဒါကိုသူလည်းပဲ မထိန်းချုပ်နိုင်ပါလေ။

——

ရန်ရိက သူ ဖုန်းချသွားမှာကို စောင့်နေမိသည်။ ထို့နောက် Lobbyကို ပြန်သွားပြီး ထိုင်ခုံမြင့်မှာ ထိုင်ရင်း သူ့နားထင်တွေကိုပွတ်နေလိုက်သည်။ " မင်းပြောချင်တာကိုသာ ပြောလိုက်ပါလား "

ရှကျင့်ထျန်က ခပ်နွေးနွေး Mint Teaကို လက်ဖဝါးတွေနဲ့ အုပ်ကိုင်လိုက်ပြီး " ယုန်တွေက ကိုယ်ဝန်အတုရနိုင်တယ်ဆိုတာကို မင်းသိထားလား? "

" ကိုယ်ဝန်အတု? " ရန်ရိ ကြောင်အသွားရ​၏။

ရုတ်တရက်ကြီး ဒီကလေးက ဒါကို ပြောလာလိမ့်မယ်လို့သူ မမျှော်လင့်ထားမိပေ။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now