Chapter 16

6.1K 923 10
                                    

|| Unicode ||

ယွန်မီက တစ်ကိုယ်လုံး တုန်နေပြီး လုရှန့်ကျင်ရဲ့ခြေရင်းဘက်ကို တွားသွားလိုက်​၏။ မျက်မှောင်ကြုတ်လျက် လုရှန့်ကျင်က ယွန်မီကော်လာကနေ ဆွဲကာ ဆွဲခေါ်သွားပြီး ကာစီနိုရုံထဲဝင်လာတဲ့ လုံခြုံရေးအစောင့်တွေကို အမြန် ရှောင်လိုက်သည်။သူတို့တွေ ထွက်ပေါက်နဲ့ ကုန်းပတ်ဆီကို ဦးတည်လိုက်ကြ​၏ ။

အစောပိုင်း ဟယ်လီကော့ပတာပေါ်က မဆင်းခင်မှာ လုရှန့်ကျင်ကသူ့ခြေထောက်နားကို သေနတ်ပစ်ပေးခဲ့ရာ ယွန်မီမှာတုန်နေတာ မရပ်နိုင်တော့ပေ။ လုရှန့်ကျင်ရဲ့ အသိုင်းအဝိုင်းက ဒီလောက် သွေးစွန်းနေပြီး ထိတ်လန့်စရာကောင်းစွာ စံမြန်းရလိမ့်မယ်လို့ ယွန်မီ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။ ဒါ့အပြင် သူ့ဘေးဆိုတာကလဲ တကယ်ပဲ ဘယ်သူနဆို ရပ်နိုင်မယ့် နေရာမဟုတ်။

ယွန်မီက တံခါးနားမှာ ကြောင်တက်တက်ဖြင့်ထိုင်နေပြီးလုရှန့်ကျင်ကို မော့ကြည့်လိုက်မိသည်။

လုရှန့်ကျင် မှင်-နက်ရောင် သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်ပြီး သူ့ရဲ့ ဂရုမစိုကိလေဟန် အကြည့်တို့က တံခါးဝမှ ပြေးလာသော လုံခြုံရေးအစောင့်နှစ်ယောက်ထံမှာ ဝေ့ဝဲသွားသည်။ ကန္တာရလင်းယုန်​၏ နောက်ပြန်ကန်သည့် အားပြင်းပြင်းက လုရှန့်ကျင်ရဲ့ လက်ကို လုံးဝမှ လှုပ်ယမ်းမသွားစေနိုင်တာကြောင့် ကျည်ဆံတိုင်းက တားကဒ်ဖြစ်သော မျက်ခုံးတွေကြားမှာတိတိကျကျပင် ပစ်ခတ်နိုင်ပေသည်။

ကြယ်အပြည့်ဖြစ်နေသော ကောင်းကင်ယံကို ကျောပေးထားပြီး သူ​၏ အေးစက်စက်နဲ့စူးရှတဲ့အကြည့်တွေက ခေါင်းမှာသွေးစက်လက်ကျနေတဲ့ သားကောင်ဆီကို ထိုးဆင်းလာတဲ့ လင်းယုန်တစ်ကောင်ကဲ့သို့ပင်။

ကျည်ဆန်တွေပစ်ပြီးနောက် လုရှန့်ကျင်က လက်ကို လှန်လိုက်၍ သေနတ်ပြောင်းလိုက်​၏။ ကန္တာရလင်းယုန်က ယွန်မီရှေ့မှောက်ကို အသံကျယ်ကြီးဖြင့် ပြုတ်ကျလာခဲ့ပေသည်။ ယွန်မီမှာ အလိုလို တုန်ခနဲ့ဖြစ်သွားပေမယ့် လုရှန့်ကျင်ရဲ့ ခပ်နိမ့်နိမ့် အသံကိုတော့ နားထောင်လိုက်ရဆဲ။ " ကောက်ပြီး... သေချာသိမ်းထားလိုက် "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now