Chapter 26

5.9K 856 37
                                    

|| Unicode ||

" ကျင်ကော... ဘယ်အချိန်မှများ...မင်းငါ့ကို အနိူင်မကျင့်မှာလဲ.."

ပိုးကောင်လေး အတောင်ပံခါလိုက်တဲ့အခါ တုန်ယင်သွားတဲ့ နှင်းစက်လေးလို အသံက လုရှန့်ကျင်ရဲ့ နှလုံးသားကို ပေါ့ပေါ့လေးနဲ့ ဆွဲယူလိုက်ချေ​၏။ လုရှန့်ကျင်က စိတ်ရှုပ်ထွေးသွားသည့် အကြည့်မျိူးဖြင့် သူ့လက်မောင်းထဲမှာ တုန်ယင်နေတဲ့ယုန်ကလေးကို ကြည့်လိုက်မိသည်။ သူက ရန်ရိရဲ့မျက်ရည်တွေအား တသျှူးယူ၍ သုတ်ပေးလိုက်ပြီး မျက်လုံးတွေကို ကို့ရို့ကားယားနဲ့ပဲ အနမ်းပေးလိုက်သည်။ " ကိုယ်က အရမ်းကြမ်းမိနေတာလား? "

ရန်ရိသည်ကား ပင်ပန်းနွမ်းနယ်နေသဖြင့် ဖွဖွလေး အသံပြုလိုက်သည်။ သူ့ရဲ့ ပိန်ပါးတဲ့ကိုယ်လေးမှာ လုရှန့်ကျင်ရဲ့လက်မောင်းတွေထဲမှာ ထွေးပိုက်ခံထားရပြီး လှုပ်လိုက်ဖို့လဲ အင်အားမရှိ။

တကယ်ကို အဆင်မပြေနေတဲ့ ပုံစံလေးပင်။

" မငိုနဲ့... မငိုနဲ့တော့ကွာ " လုရှန့်ကျင်က ခေါင်းညွှတ်၍ ရန်ရိပါးလေးတွေကို ပင့်ကာ မျက်ရည်နဲ့ နှာရည်တွေကို သုတ်ပေးလိုက်​၏။ " ကျစ်...မင်း ဘာဖြစ်လို့လဲ "

ရန်ရိရဲ့ နှာဖျားလေးမှာ ပန်းရောင်အလွှာတစ်ခုပါသည့် ချယ်ရီဖြူလေးလို နီစွေးနေသည်။ သူဟာ အရမ်းအနိုင်ကျင့်ခံရတာကြောင့် ဘောလုံးသေးသေးလေးလိုပဲ ကျုံ့ဝင်သွား​၏။

သူတို့တွေ ယုန်ကလေးနဲ့ ပထမဆုံး​တွေ့ခဲ့တဲ့အချိန်​ကို အမှတ်​ရမိ​၏။ သူသည် ခုနစ်နှစ်အရွယ်လေးပဲ ဖြစ်တာကြောင့်စကားကို ဘယ်လိုပြောရမလဲဆိုတာကို မသိ။ သူက တိတ်တိတ်လေး စန္ဒယားခန်း ပြတင်းပေါက် အပြင်ဘက်မှာ လှဲ၍ခြေဖျားလေးထောက်ကာ ရပ်ကာ လုရှန့်ကျင် စန္ဒယားလေ့ကျင့်တာကို နားထောင်တတ်သည်။

နေရာမှာတင် အမိခံလိုက်ရသော် သူက သူ့ကို ကြောက်လန့်ရှက်ရွံ့ခြင်းများဖြင့် ယုန်နားရွက်လုံးလေးတွေ၊ အမွေးပွအမြှီးလေးနဲ့အတူ ဖက်တွယ်၍ ပြောသည်။ " နားထောင်လို့ ကောင်းတယ် "

--

လုရှန့်ကျင်က သူ့ကို ဆေးကြောပေးဖို့ ချီသွားပြီးနောက် ပြန်ချီလာကာ စောင်ထဲထည့်ပေးသည်။ ရန်ရိ​၏ အမူအရာမှာအနည်းငယ် အဆင်မပြေဖြစ်နေပြီး လုရှန့်ကျင်ရဲ့ လက်မောင်းတွေကြားမှာတိုးဝှေ့ကာ အိပ်ပျော်နေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now