Chapter 13

5.6K 944 32
                                    

|| Unicode ||

ညနေခင်း 10နာရီ ဝန်းကျင်၌ ပြင်သစ်ပြတင်းပေါက်တွေမှ လှမ်းမျှော်ကြည့်လိုက်လျှင် အနောက်မြောက်ဘက်မှ ထူထဲနေသော တိမ်မဲအစုလိုက်တို့က ကောင်းကင်ရဲ့ တစ်ဝက်လောက်ကို ဝါးမျိူထားကြပြီး အလင်းတန်းတို့ပင် ဖြာထွက်မလာတော့ချေ။

စားပွဲပေါ်၌ မှာထားသော ဗူးများက ပြန့်ကျဲနေ​၏။ Delivery လိပ်စာက နည်းနည်း ရှိန်ရလောက်သောကြောင့် ဖြစ်မည် ; ချစ်စရာစတေကာလေးများကိုပင် review ကောင်းကောင်းရစေရန်အတွက် ရှေ့တည့်တည့်မှာ တွန့်ဆုတ်ဆုတ်ဖြင့် ကပ်ပေးထားလိုက်သေးသည်။

ဒီ ဗီလာထဲ၌ ဥယျာဉ်မှူးနဲ့ လုရှန့်ကျင်ကို လာခေါ်တဲ့ ဒရိုင်ဘာမှ လွဲလျှင် လုရှန့်ကျင်ရဲ့ နေ့စဉ်ဆောင်တာတွေကို ဂရုစိုက်ပေးမယ့် အန်တီတွေ၊ စားဖိုမှုးတွေလဲ မရှိသလို အစေခံတွေလဲ မရှိပါချေ။ ထိုအရာတွေအားလုံးက အမြဲတမ်း ရန်ရိ အလုပ်တွေချည်းပဲ ဖြစ်ခဲ့တာဖြစ်သည်။ သူတို့တွေ လမ်းခွဲပြီးနောက်မှာ ရန်ရိကလက်ထဲမှာ resumeလေးကိုင်၍ သူ့ရှေ့ကို နောက်တစ်ကြိမ်ပြန်ရောက်လာပြီး ဗီလာရဲ့ ဘဏ္ဍာထိန်းအဖြစ်အလုပ်ခန့်ပေးဖို့ မျက်လုံးလေးတွေ တလက်လက်နဲ့ တောင်းဆိုခဲ့သည်။

ထိုယုန်ကလေးက ဘယ်လိုကလူ​၏သို့မြူ​၏သို့လုပ်ရမလဲဆိုတာကောင်းကောင်းသိသည် ; သူ့တင်ပါးလေးကို ရှုံ့ပြီးဆိုဖာပေါ်မှာ ခွေနေတတ်​၏။ လုရှန့်ကျင်ရဲ့အထိ ကို မခံရတဲ့အခါ သူက စိတ်ပျက်လက်ပျက်နဲ့ ဘေးဘက်မှာ ဆက်လှဲနေတတ်သည်​။ပြီးလျှင် လုရှန့်ကျင် သူ့ခေါင်းကို ပုတ်ပြီး လေထဲမှာတွဲကျနေတဲ့နားရွက်လေးတွေကို နှိပ်မပေးမချင်း သူ့ကိုမျက်လုံးကြည်ကြည်လေးတွေနဲ့ကြည့်နေတတ်​၏။

လမ်းခွဲပြီးနောက်မှာတော့ သူ့ကို နောက်တစ်ခါ တွယ်ကပ်နေတာဖြစ်သော်လည်း စနစ်တကျနဲ့ ထိန်းထိန်းသိမ်းသိမ်းလေးဖြစ်လာခဲ့သည်။

စင်စစ်တွင်တော့ လုရှန့်ကျင်သာ ပိုပြီး အာရုံစိုက်ပေးပါလျှင် ယုံကြည်ရသူဆီက တောင်းဆုတစ်ခုရရှိသွားတဲ့ ကြယ်လေးလို ရန်ရိရဲ့ မျက်လုံးလေးတွေထံမှ တောက်ပစွာ လင်းလက်နေတဲ့ အလင်းရိပ်ရေးရေးလေးတွေကို မြင်နိုင်ပါသေးသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now