Chapter 35 【Side Story】

5.5K 667 5
                                    


|| Unicode ||


ရန်ရိက နှင်းဖြူရောင် ခြံစည်းရိုး​၏ အရိပ်တွင် ကျောခင်း၍ လက်တွေပေါ်ကို ခေါင်းအုံးပြီး ပါးစပ်ထဲ စတော်ဘယ်ရီသီးတစ်လုံး ပစ်ထည့်လိုက်သည်။ ပြီးလျှင် လက်ချောင်းထိပ်လေးတွေကို အဆက်မပြတ် လျက်လိုက်ပြီး နောက်ထပ် ထပ်ခိုးရန် ခြံစည်းရိုးထဲကို လက်ထည့်လိုက်​၏ ။

" သခင်လေး ဒီနေ့ ပြန်လာတယ် "

များစွာသော အစေခံတွေက လုအိမ်တော်နောက်ဘက်ရှိ ဥယျာဉ်မှ စတော်ဘယ်ရီသီးတွေကို ခူးနေကြပြီး သူတို့ ခုလေးတင်ရထားသည့်သတင်းကို စကားစမြည်ပြောနေကြသည်။

ယုန်နားရွက်လေးများမှာ ရုတ်တရက်ထောင်သွားကြပြီး ရန်ရိဟာ အံဩတသင့်ဖြင့် ခြေဖျားထောက်ကာ ခြံစည်းရိုးဘက်ကို ပြေးသွားလိုက်သည်။

ခုနစ်နှစ်အရွယ်ကလေးတစ်ယောက်အတွက်မူ လုအိမ်တော်ကြီးက ရဲတိုက်အမြင့်ကြီးနဲ့ သဏ္ဌာန်တူပါ​၏။

​သာယာကြည်နူးဖွယ် စန္ဒယားတီးသံက မှန်ပြတင်းထဲက ထွက်လာခဲ့သည်။ ရန်ရိ ခြေဖျားလေးထောက်၍ ပြတင်းဘောင်မှာ လက်သေးသေးလေးတွေကို တင်ရင်း သူ့ခန္ဓာကိုယ်တစ်ဝက်လောက်ကို ပြတင်းဘောင်မှာ ခက်ခက်ခဲခဲ တွဲလောင်းခိုလိုက်သည်။ တင်ပါးနောက်မှာကပ်နေသည့် အမွေးပွအမြှီးလုံးလေးနှင့် မျက်လုံးဝိုင်းကြီးများက အထဲကိုခိုးကြည့်ရင်း တဖျတ်ဖျတ်လှုပ်နေခဲ့သည်။

ကျောင်းယူနီဖောင်းကိုဝတ်ထားသည့် ဆယ်ကျော်သက်အရွယ်တစ်ယောက်က Grand စန္ဒယားတစ်လုံးရှေ့၌ ထိုင်နေ​၏။သူ​​၏ ချောမွေ့ကာ သွယ်လျနေပါသော လက်ချောင်းများက ကီးတွေပေါ် ခုန်ပေါက်နေသည်​မှာ ခေါင်းအစခြေအဆုံးမြင့်မြတ်ပြီး နူးညံ့တဲ့ လင်းရောင်ခြည်တွေ ထုတ်ပေးနေသယောင်။

ရန်ရိလေးက noteတွေ လွတ်သွားမှာ ကြောက်လို့ သူ့နားလေးတွေကို စွင့်ထားမိသည်။

သူ တကယ်ပဲ ရဲတိုက်ထဲက မင်းသားလေးကို အရမ်းသဘောကျမိပါသည်။

ရုတ်တရက်ဆိုသလို လုရှန့်ကျင်က သူ့နောက်မှ တစ်ခုခု ထူးဆန်းနေတာကို ခံစားမိသွားပုံရပြီး စန္ဒယားတီးနေတာကိုရုတ်ခြည်း ရပ်လိုက်ကာ ပြတင်းပေါက်ဆီ လှည့်ကြည့်လာ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now