Chapter 75

5.7K 805 56
                                    

|| Unicode ||

ရန်ရိက ငိုရင်း ပင်ပန်းသွားပြီး လုရှန့်ကျင် ထုတ်ပေးထားတဲ့ ချွေးသိပ်pheromone အပြုံလိုက်ကြားမှာ ငိုက်မျဉ်းလျက်အိပ်ပျော်သွားခဲ့သည်။

လုရှန့်ကျင်က သူ့ခေါင်းကို ထောက်ကန်ပေးထားရင်း ဘေးဘက်ကို ကိုင်းလိုက်သည်။ ရန်ရိက ကုပ်သွားပြီး ဘောလုံးလေးကို ကွေးသွားသည့်တိုင် သူ့လက်ချောင်းတွေကတော့ လုရှန့်ကျင်​၏ ရှပ်အင်္ကျီကို အားပျော့စွာ ဆုပ်ကိုင်ထားဆဲ။

လုရှန့်ကျင်က တသျှူးတစ်ရွက်ဆွဲထုတ်ကာ လက်ညှိုးကွေး၍ ယုန်ကလေးမျက်တောင်တွေပေါ်က မျက်ရည်တို့ကိုခြောက်အောင် ဖွဖွလေး သုတ်ပေးလိုက်သည်။ မနက်ဖြန်ကျရင် ယောင်နေတော့မှာပဲ။

ရန်ရိ ဝမ်းပန်းတနည်း ငိုကြွေးတာကို မြင်ရသည်မှာ ကြုံတောင့်ကြုံခဲပင်။ သူ့ ထင်မြင်ချက်အရ ငိုတယ်ဆိုတာ ရှားပါးလှပါ​၏။ သူ့အရိုးထဲရှိ အဆင့်မြင့်Omegaဆိုသော မာနက အမြဲရှိခဲ့သည်လေ။

" ဒီတိုင်း ငိုလိုက်ပါ " လုရှန့်ကျင် သူ့ဆံပင်ပျော့လေးတွေကို ဖွဖွပွတ်ပေးလိုက်မိပြီး နောင်တကြီးစွာ မျက်လုံးတွေကို မှိတ်ပစ်လိုက်မိတော့​၏ ။

ကိုယ်ပွားဆဲလ်တွေ ထောင်သောင်းချီမက ဘယ်လောက်ပဲများများ ရှိနေပါစေ သူ့ရန်ရန်လေးက တစ်မူထူးကာပြိုင်ဘက်ကင်းဖြစ်သည်။

ဒီရက်တွေမှာ ရန်ရိကို စောင့်ရှောက်ရင်း လုရှန့်ကျင်ဟာ ဇီဝနာရီ ဖြစ်ပေါ်လာရပြီဖြစ်ကာ မနက်၇နာရီဆို အိပ်ရာနိုးပြီး ရန်ရိအတွက် မနက်စာ ပြင်ပေးလေသည်။

ကိုယ်ဝန်ဆောင်Omega တွေက အာဟာရဓာတ်အလိုအပ်ဆုံးဖြစ်​၏။ တစ်နေ့တာ​၏ သုံးနပ်အတွက် ပါဝင်ရမည့် အမယ်တို့ကို ကျွမ်းကျင်အာဟာရပညာရှင်တို့ထံမှ ပုံစံဖော်ထားသည်။ ယင်းက ပြုလုပ်ရတာ အနည်းငယ် ဒုက္ခများသည်၊ အပြင်ကဝယ်စားဖို့ကလဲ မလွယ်ပါချေ။

လုရှန့်ကျင် နိုးလာသောအခါ သူ့အဝတ်စအစွန်းတို့ကို ရန်ရိက လက်ချောင်းတွေဖြင့် ချိတ်ထားဆဲပင်။

နွေးထွေးသည့် ဒက်ဖဒိလ်နံ့သင်းသင်းက သူ့ကိုယ်ကို စွဲကျန်ရစ်ပတ်နေခဲ့ရာ ရန်ရိ တုန်ခနဲ့ဖြစ်လာပြီး ခေါင်းအုံးကို ဖက်၍စောင်ပါးလေးကိုလဲ လက်မောင်းထဲမှာ ဆုပ်ကိုင်ထားလျက်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now