Chapter 72

5.4K 801 48
                                    

|| Unicode ||

" အရင်ဆုံး အမူးပြေအောင်သွားလုပ်စမ်းပါ " ရန်ရိသည် သူ​၏ မူးနေသော ကိုယ်ကြီးကို တွန်းထုတ်လိုက်လျှင် လုရှန့်ကျင်မှာ ကောင်းကောင်းမရပ်နိုင်သေးပေငြား နောက်ကို ခြေတစ်ဝက်စာလောက် ဆုတ်သွားခဲ့သည်။

သူသည် စက္ကန့်အနည်းငယ်လောက် ကြောင်တက်တက်ဖြစ်နေပြီးမှ ရန်ရိဘေးမှာ ရပ်နေသော ဟမ်းစတား Omegaကို မြင်လိုက်ရသော် မျက်နှာမှာရှက်ရွံ့မှုများဖြင် အနောက်ကို ဆုတ်မိသွား​၏။

သူ့စိတ်ထဲဝယ် ဖုန်းထဲက ရန်ရိ​၏ နေမကောင်းတဲ့ အသံလေးက ပဲ့တင်ထပ်လာသည်။

< ကျင်ကော, မင်းက ဟမ်းစတားတွေကို အရမ်းကြိုက်တာလား? ငါ့နားလေးတွေကို ခေါက်ထားလိုက်မယ်ဆို ဟမ်းစတားနဲ့တူသွားလောက်မယ်နော် >

လုရှန့်ကျင်သည် ရန်ရိ ဘယ်လောက်ပင် တွန်းထုတ်ငြင်းဆန်နေစေကာမူ သူ့ကို ပွေ့ဖက်လိုက်၍ ရေရွတ်နေတော့သည်။ " ဟမ်းစတားမကြိုက်ပါဘူး၊ ဟမ်းစတားမကြိုက်ပါဘူး၊ ယုန်လေးတွေကမှ ချစ်စရာကောင်းတာ "

" ပြန်သွားပြီးမှ ပြောရအောင် " ရန်ရိ က ခုံမြင့်ပေါ်မှာထိုင်၍ သူ့ကိုယ်ပေါ်က လုရှန့်ကျင်ကို ခွာလိုက်ကာ ထန်မုန့်နဲ့ ချန်းရှောင်အာကို နှုတ်ဆက်လိုက်ပြီး လုရှန့်ကျင်အား ClubHouseမှ ဆွဲထုတ်လာခဲ့တော့​၏။

အရက်အလွန်အကျွံသောက်ပြီးနောက် လုရှန့်ကျင်မှာ သန့်စင်ခန်းရှာတတ်သည့် ဗီဇရှိပုံရသည်။ရန်ရိ အမူးပြေလက်ဖက်ရည်သွားလုပ်ပြီး ပြန်လာသောအခါ သူ့ကို ရှာမတွေ့တော့ပေ။ သန့်စင်ခန်းထဲရောက်မှ လုရှန့်ကျင်က သန့်စင်ခန်းအစွန်းမှာ လှဲချထားတာကို တွေ့လိုက်ရသည်။

" ဘယ်လောက်ထိ သောက်ထားတာလဲ? " ရန်ရိက အမူးပြေလက်ဖက်ရည်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။

" ရှစ် taels, ကိုးtaels လောက် " လုရှန့်ကျင်က နံရံမှီလျက် မြေပြင်မှာထိုင်နေပြီး ခေါင်းထက်က မီးရောင်တွေကို ကြည့်နေခဲ့​၏။

[ 1 Tael ကို 1.3 Ounce ရှိပါတယ် ]

ရန်ရိ မျက်မှောင်ကြုတ်သွားပြီး လက်ဆန့်ကာ သူ့မျက်လုံးတွေကို ကာပေးလိုက်သည်။ " မီးရောင်တွေကို ကြည့်မနေနဲ့ "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now