Chapter 36

5.6K 792 37
                                    

|| Unicode ||

အားကောင်းတဲ့ M2 Pheromone သုံးမျိူးက တစ်မျိူးနဲ့ တစ်မျိူး တိုက်မိနေပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ Alphaတွေရဲ့ အသက်ရှူနှုန်းတွေက ပေါက်ကွဲသွားကာ ချက်ချင်းပင် ကျုံးလင်လမ်းကြားထဲမှာ ပျံ့နှံ့သွားတော့​၏။ ကျောက်ခင်းလမ်းကြားထဲကစတိုးဆိုင်ရှေ့မျက်နှာစာမှာ လှည့်လည်သွားလာနေသည့် ခရီးသွားများမှာ ရုတ်တရက် ရပ်သွားကြကာ မည်သည့်နေရာကိုဦးတည်နေသည်မသိသည့် အနှီနိုင်ထက်စီးနင်းပြုသောအရှိန်အဟုန်တို့ကို ကြည့်လာကြ​သည်​။ သူတို့တွေ စူးစမ်းချင်ကြသော်လည်း လုံးဝမှ ချည်းကပ်မလာရဲကြပေ။

M2 အဆင့်မြင့် Pheromone တွေ​၏ ဖိနှိပ်ခြင်းက မြို့ကို ဝါးမျိူချလိုက်သည့် တိမ်တိုက်ထူထူကြီးအလား။

စတိုးဆိုင်မှ Omega များမှာ ရုတ်တရက်ဆန်ပြီး အားကောင်းသည့် Alpha ဖိနှိပ်Pheromoneတွေကြောင့် မူးဝေလာကြသဖြင့်စတိုးဆိုင်တံခါးကို အမြန်ပိတ်လိုက်ကြသည်။

ကုဝေ ပန်းခြောက်တွေသယ်လာခဲ့သည့် ပန်းဆိုင်က ပိုင်ရှင်က ပြန်ရောက်လာသည်။ ပိုင်ရှင်က Omega တစ်ယောက်ဖြစ်သောကြောင့် ကျုံးလင်လမ်းထဲကို ဝင်လိုက်တဲ့အချိန်မှာ သူ့ဆီကိုရောက်လာတဲ့ အားကောင်းတဲ့ ဖိနှိပ်မှုတွေကို ခံစားလိုက်ရ​၏။ ပြီးလျှင်ချက်ချင်းဆိုသလို ဒူးထောက်ကျသွားပြီး ဂလင်းတို့အား နာကျင်စွာဖြင့် ဆုပ်ကိုင်ထားသည်။

" ဂလင်းမုဆိုးတွေလား.... အနီးမှာ အဆင့်မြင့်Alphaတွေ အများကြီးရှိနေတာပဲ... နာတယ်... ငါ မခံနိုင်ဘူး... "

လမ်းကြားထဲ၌ Omegaများစွာရှိနေသေးတာကြောင့် ထိတ်ထိတ်ပျာပျာဖြင့် သူတို့ရဲ့ ဂလင်းနေတွေကို ဖုံးကာ ဒီတုန်လှုပ်စရာကောင်းတဲ့ ဖိနှိပ်မှုကို အသည်းအသန်တွန်းလှန်နေကြရ​၏။ သူတို့လက်ထဲက ကလေးများကလဲ ရုတ်တရက် စူးရှစွာအော်ငိုလာကြသည်။

အနီးနားက ကလေးလေးတွေရဲ့ ငိုသံကိုကြားလိုက်ရလျှင် ရန်ရိ သုံးယောက်အလယ်မှာ သွားပိတ်ရန် ပန်းခြောက်တွေကိုပစ်ချလိုက်တော့သည်။

" တော်တော့ ! မင်းတို့တွေ ဒီလမ်းကို ဖြိုချချင်နေကြတာလား "

ရှကျင့်ထျန်က အရင်ဆုံး ရပ်သွား၍ ဖိနှိပ်Pheromoneတွေထုတ်တာကို ရပ်လိုက်သည်။သူက သူ့ကားရဲ့ ရှေ့အခုံးပေါ်မှာထိုင်လိုက်ပြီး သူဟာ အရမ်း နာခံပါကြောင်း ရန်ရိကို ပြဖို့ မေးကို ချီပစ်လိုက်​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now