Chapter 74

5.4K 801 36
                                    

|| Unicode ||

ရန်ရိ သူ့ကို မတွန်းလှန်နိုင်သည့်အပြင် alphaနဲ့ ယှဉ်နိုင်မယ့် အပိုခွန်အားလဲ မရှိနေပေ။

လုရှန့်ကျင်ရဲ့ လက်ဖဝါးက ခုံးနေတဲ့ ဗိုက်သားပေါ်ကိုတင်လိုက်ပြီး သူက တစ်စင်တီချင်းတရွေ့ရွေ့ဖြင့် သေချာလေးထိပေးနေသည်မှာ Omega ကို ထိခိုက်စေမှာ၊ ဗိုက်ထဲက ဘေဘီလေးကို နှိုးမိသွားမှာ ကြောက်နေသည့်အလားပင်။ ရုတ်တရက် သူ့လက်ဖဝါးဟာ ခပ်ဖွဖွလေး အတွန်းခံလိုက်ရသလို ခံစားလိုက်ရသည။

က​လေးဆီက အကန်ခံလိုက်ရတာလား?

alpha​၏ အာရုံအလုံးစုံမှာ သူ့လက်အောက်ခြေဆီ ရုတ်ခြည်း ထိုးကျသွာ​၏။ သူက ခေါင်းငုံ့လျက် ဒီလူဆိုးလေး ထပ်လှုပ်ရှားလာတာကို မြင်ချင်နေသည့်နှယ် မမှိတ်မသုန် ကြည့်နေခဲ့လေသည်။

ရန်ရိသည် လုရှန့်ကျင် အာရုံစူးစိုက်နေသည့် အမူအရာကို သိပ်မမြင်ဖူးပေ။ သူက အရမ်းနီးကပ်နေတာကြောင့် alphaရဲ့မျက်ဝန်းရဲရဲတို့မှ သိမ်မွေ့ညံသက်ခြင်းများကို ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်နေ​၏။

သူက ချွေးသိပ် pheromone တွေကို ထုတ်ပေးလာပြီး ရန်ရိဗိုက်ထဲက အသေးလေးမှာ pheromone နှစ်သိမ့်မှုရ၍ပေလား၊သူ့အဖေကြောင့်လန့်သွား၍ပေလားမသိ။ သူက နာခံစွာဖြင့် လှုပ်ရှားတာရပ်သွားလေ​၏။

" လုရန်က အရမ်းတော်တာပဲ " လုရှန့်ကျင်က ရှောင်ပေါင်ပေ့လေးကို ညင်သာစွာ ချီးကျူးပေးလာသည်။

ရန်ရိ ဒီနာမည်ကို တိတ်တိတ်လေး အမှတ်ဖော်ကြည့်မိလျှင် တစ်ခါက သူ့မှတ်စုစာအုပ်ထဲမှာရေးချထားဖူးပြီး ထိုနာမည်ကိုဖျက်ကာ လုယွမ်အဖြစ်ပြောင်းခဲ့တာကို သတိရသွားခဲ့ရသည်။

ကံမကောင်းစွာနဲ့ ထိုအချိန်ကတော့ ကိုယ်ဝန်အတုသာဖြစ်ခဲ့ပြီး သူမျှော်လင့်နေပါတဲ့ ကလေးက နောက်ကျပြီးမှရောက်လာခဲ့ချေ​၏။

သူ မိန်းမောနေခဲ့ပြီး ရုတ်တရက် သူ့နောက်မှာ ကောက်ပွေ့ခံလိုက်ရကာ ခေါင်းအုံးနှစ်လုံးဖြင့် အိပ်ရာပေါ်တင်ပေးခံလိုက်ရသည်။

လုရှန့်ကျင်က ကုတင်အစွန်းမှာထိုင်လျက် သူ​၏ အနည်းငယ် ယောင်ယမ်းနေသော ခြေသလုံးနဲ့ ခြေဖဝါးတို့ကို မမောနိုင်မပန်းနိုင် ပွတ်ပေးနေတော့သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now