Chapter 15

6.3K 924 7
                                    

|| Unicode ||

2019-4-18 09:00 AM

——

နာ့ရှီ ပင်လယ်မျက်နှာပြင်အထက် ၊ အပျော်စီး ဇိမ်ခံသင်္ဘောတစ်စင်းက နှစ်ရက်ကြာအောင် ကျောက်ချထားခဲ့သည်။

ဝေးလံလှသော ကောင်းကင်ယံမှ အမဲစက်လေးတစ်စက် ပေါ်လာခဲ့​၏ ; အမဲလိုက်တောရိုင်းမိသားစုရဲ့ သင်္ကေတ ရေးဆွဲထားသော ဟယ်လီကော့ပတာတစ်စင်းက တဖြည်းဖြည်းချင်း နီးကပ်လာကာ ကုန်းပတ်ပေါ် ဆင်းလာချိန်၌ ပန်ကာကြီးတွေက တစ်ဝေါဝေါမြည်ဟည်းနေသည်။ လေကြောက ရှေ့ကို တဟုန်ထိုး ပြေးဝင်လာတာကြောင့် ကုန်းပတ်ပေါ်မှာ စုဝေးနေကြတဲ့ မင်းမျိူးမင်းစိုးတွေမှာ သူတို့ရဲ့ ဦးထုပ်နားပန်းတွေကို ကိုင်ထားလိုက်ရသည်။

အစေခံတစ်ယောက်က ကျားသားရေခံထားသော လှေခါးနားသို့ တိုးကပ်သွား​၏။ လုရှန့်ကျင်က ဟယ်လီကော့ပတာပေါ်မှဖြည်းဖြည်းချင်း ဆင်းလာသည်။ ပုခုံးပေါ်က မှင်နက်ရောင် မြေခွေးသားမွေးကုတ်အောက်၌ သူက လက်ချုပ် Suit အနက်ကို ဝတ်ထားသည်။ သူက နေကာမျက်မှန်ကို ချွတ်လိုက်၍ သူ့ဘေးနားက လိုက်လာတဲ့လူထံ ပေးလိုက်​၏။ အေးစက်စက်မျက်လုံးတစ်စုံမှာ အရာရာကို မုန်းတီး၊ လျစ်လျူပြုထားခြင်းတွေ လက်ကိုင်ထားသည်က်ို ချပြထားပြီး နက်ရှိုင်းကာအဆုံးမဲ့လျက်။

အနက်ရောင်ဝတ်ထားသော သက်တော်စောင့် အတန်းလိုက်က အောက်ဖက်မှာ ရပ်နေခဲ့​၏။ သူတို့က စနစ်တကျ ဦးညွှတ်လိုက်ကြပြီး နာမည်ခေါ်လိုက်ကြသည်​။ " လုသခင်လေး "

လုရှန့်ကျင်က တည့်တည့်ကိုပဲ ရှေူးရှူလိုက်ပြီိး ကုန်းပတ်ပေါ်က ထီးတစ်လက်အောက်မှာ လက်ဖက်ရည်သောက်နေသည့်သက်လတ်ပိုင်းအရွယ် Alpha ထံကိုသာ လျှောက်သွားသည်။ သူက အကြီးကို ဦးညွှတ်လိုက်၍ နှုတ်ဆက်လိုက်​၏။ " အန်ကယ် "

ငါးဆယ်ဝန်းကျင်အရွယ်ရှိ Alpha​ကရေဒီယိုမှလာသော ငြိမ့်ညောင်းသာယာသည့် အော်ပရာကို အေးအေးဆေးဆေးနားထောင်နေပြီး ညာလက်မှာ ဖောင်တိန်ကိုင်ထားရင်း အင်္ဂလိပ်စာအုပ်တစ်အုပ်မှာ မှတ်ချက်တွေရေးခြစ်နေခဲ့သည်။သူက လုရှန့်ကျင်ကို နွေးထွေးစွာ နှုတ်ဆက်လာ​၏​။ " ရှောင်ကျင်.... မင်းမလာတော့ဘူးထင်နေတာကွာ ဟားဟား "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now