Chapter 18

5.8K 929 52
                                    


|| Unicode ||

Warning / Suicide

လုရှန့်ကျင် ရုတ်​တရက်​ အသိဝင်သွားသည်​။ သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသကို ဖိနှိပ်လိုက်ကာ မေးလိုက်သည်။ " မင်းက ဂလင်းအစားထိုးခွဲစိတ်ဖို့ ဆေးရုံကို ခေါ်လာတဲ့ ဟမ်းစတားOmega ကိုကြိုက်နေတယ်လို့ ရှဖျင့်ထျန်က ငါ့ကို ပြောတယ် "

ပိရွေ့ကျင်းက ပြာတွေကို ခါချလိုက်ရင်း ပဟေဠိဖြစ်သွားရကာ " အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့...ငါက ဘာလို့တစ်စုံတစ်ယောက်ကို မင်းဆီကနေ ခိုးချင်နေမှာလဲ? ဘယ်သူ့အတွက် ဂလင်း အစားထိုးတာလဲ "

လုရှန့် နှုတ်ခမ်းထောင့်တွေ အနည်းငယ် တွန့်ခနဲ့​။

ရှညီအစ်ကိုနှစ်ယောက်ကြားက အသက်ကွာဟမှုမှာ နှစ်တွေအများကြီး ဖြစ်ပေမယ့် သူတို့တွေကရုပ်ချင်းဆင်ကြကာအသံတွေကပင်လျှင် ပုံစံခွက်တစ်ခုတည်းကနေ ဖြတ်လိုက်တဲ့အတိုင်း။ ဟမ်းစတာOmegaကိုလွှတ်ပေးဖို့ လုရှန့်ကျင်ကိုပြောခဲ့တဲ့ဒါရိုက်တာရှရဲ့ အသံဟာ သေချာစဉ်းစားကြည့်ပါက ဒီနေ့ သူဖုန်းပြောခဲ့ရတဲ့ ဒုတိယသခင်လေးရှ အသံနဲ့တော်တော်လေး ဆင်တူပေသည်။

" ငါ့ကို လာရှုပ်နေတာ " လုရှန့်ကျင် အံကြိတ်လိုက်မိသည် ။

ပိရွေ့ကျင်းက သူ့နဖူးသူရိုက်လိုက်ပြီး အသံကိုနှိမ့်၍ သူ့ဘေးနားက သက်တော်စောင့်ကို ပြောလိုက်​၏။

" အချိန်ကိုကြည့်စမ်း...မဒမ်နိုးလာတာနဲ့ မြောက်ဖက်ရှင်းကျယ်က ဂျုံခေါက်ဆွဲကို စားချင်နေမှာ "

သက်တော်စောင့်က တည်ငြိမ်စွာပြောသည်။ " မဒမ်က အခုပဲ ဖုန်းခေါ်ပြီး မစားတော့ဘူးလို့ပြောပါတယ်။သူက ဥက္ကဋ္ဌပြန်လာပြီး သူ့အတွက် သိုးသားလုံးစွပ်ပြုတ် လုပ်ကျွေးစေချင်နေပါတယ် ".

" ငါပြန်ရောက်ရင် ဘယ်အချိန်လောက်ဖြစ်သွားမလဲ " ပိရွေ့ကျင်းက မျက်မှောင်ကြုတ်လျက် သူ့နာရီကိုကြည့်လိုက်ရင်း" ကောင်းပြီ...ကောင်းပြီ... ကျောင်းမာကို သိုးသားသွားဝယ်ခိုင်း၊ ကြိတ်ထားပြီး ငါ့ကိုစောင့်နေလိုက်... ငါ့ဘာသာ အိမ်ကိုမောင်းပြန်ခဲ့မယ် "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now