Chapter 68

5.3K 789 38
                                    

|| Unicode ||

ရန်ရိ​၏ suit အောက်ခံနှင့် အစက်အပြောက်ပုံဖော် လည်စည်းတို့ဟာ ဘေးဘက်ကို ပစ်ထားခံရပြီး ပြင်သစ်ရှပ်ကလဲတစ်ဝက်ဟနေကာ ညှပ်ရိုးအောက်မှ ဖြူစွတ်နေသော အသားအရေလေးမှာ နီရဲနေသည့် အချစ်အမှတ်အသားတို့ဖြင့် ဆေးစက်ချခံထားရ​၏။

နူးညံ့ကြင်နာသည့် ထွေးပိုက်မှုအပြီး ရန်ရိခြေထောက်လေးတွေမှာ ပျော့ခွေနေဆဲ၊ ယုန်အမြှီးလေးက စိုနေပြီး သူက ဆိုဖာလက်ရန်းကို မှီရင်း ခြေထောက်ကြားကို တသျှူးဖြင့် ပွတ်သုတ်နေခဲ့သည်။

လုရှန့်ကျင်က အစမှအဆုံးတိုင် သူ့ဘောင်းဘီ ဇစ်ကိုသာဖွင့်ထားပြီး သူ့ခြေထောက်ကြားမှာ တစ်စက်စက်ကျနေတာတွေကို ကူသုတ်ပေးရန် တသျှူးနှစ်ရွက်ဖြင့် လက်ဆန့်လာခဲ့သည်။

ရန်ရိ ပါးပြင်လေးတွေ နီမြန်းပူလောင်လာပြီး လုရှန့်ကျင်ရဲ့ ပုခုံးကို စိတ်ဆိုးမာန်ဆိုးဖြင့် တွန်းထုတ်လိုက်​၏။ " သွားပါ... ငါဘာသာ သုတ်မယ်..."

လုရှန့်ကျင်က အချိန်ကိုက် ရပ်လိုက်၍ ရန်ရိ သူ့ကို တွန်းဖယ်လိုက်တဲ့ အကွာအဝေးမှာပဲ လက်ထဲမှာ တသျှူးကိုင်လျက်ရပ်နေရင်း ရန်ရိကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေခဲ့​၏။

ရန်ရိကတော့ လုရှန့်ကျင်​၏အနာတရဖြစ်နေသော မျက်လုံးတွေကို သတိမမူမိပါဘဲ ဆိုဖာနောက်ဘက်ကို လွှင့်ပစ်ထားတဲ့ဘောင်းဘီအား လှမ်းယူလိုက်သည်။

" မင်းက အထဲမှာပဲ အမြဲထည့်ထားတယ်.... ငါ....ငါ ကိုယ်ဝန်ရသွားလိမ့်မယ် " ရန်ရိက နှုတ်ခမ်းကိုက်၍ အဝတ်တို့ကိုသေသေသပ်သပ်ဖြစ်အောင်ဝတ်လိုက်ပြီး ကိုယ်လုံးပေါ်မှန်ကြီးရှေ့ကို သွားကာ တွန့်နေတဲ့ရှပ်အင်္ကျီကို ပြန်ဖြေလိုက်သည်။

ရုတ်တရက် သူ့ကိုယ်လေးမှာ အနောက်မှ အဖက်ခံလိုက်ရသည်။

Alpha က အရပ်ရှည်ပြီး ချောမောလှသည်။ သူ့ထက်နည်းနည်းလေး အရပ်မြင့်တာကြောင့် သူ့မေးစေ့ကို ရန်ရိပုခုံးပေါ် တင်လိုက်တဲ့အခါဆို လူယဉ်ပြီး အကျွမ်းတဝင်ရှိလှတဲ့ ခွေးကြီးတစ်ကောင်နှင့် တူ​၏။

" ဒါဆိုရင် မင်းကကိုယ့်ကို ကလေးလေးတစ်ယောက်လောက် မပေးချင်ဘူးပေါ့..." လုရှန့်ကျင်က တောင်းပန်လေဟန်ဖြင့်သူ့နားရွက်နောက်ဖက်ကို နှာတံအဖျားတင်လိုက်ကာ " ကိုယ် နောက်တစ်ခါ ကွန်ဒုံးစွပ်ပါ့မယ် "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now