Chapter 59

5.5K 801 13
                                    

|| Unicode ||

အထူးကြပ်မတ်ဆောင်မှ ထွက်မလာသေးခင် ရန်ရိက သတိရှိနေခဲ့သည်။

သူ့လက်ချောင်းတွေအောက်မှာတော့ သေသပ်စွာခေါက်ထားသည့် တစ်ခုစီမှာ ပူပန်နေသည့် နှုတ်ခွန်းဆက်စကားနှင့်မျှော်မှန်းထားသည့် နှုတ်ခွန်းဆက်စကားတို့ ပါနေသည့် မှတ်စုလေးနှစ်ခုရှ်ိနေ​၏။

သူနာပြုက ခွဲစိတ်ခန်း အကြိုပြင်ဆင်ရန်ရောက်လာပြီး ၊ ရန်ရိရဲ့ ကွေးနေတဲ့လက်ချောင်းလေးတွေကို ဖွဖွလေး ဘေးတွန်းကာ မှတ်စုကို ယူ၍ ဘေးမှာထားလိုက်သည်။

ICUမှ ခွဲစိတ်ခန်းသို့ သွားရာလမ်းတွင် တစ်စုံတစ်ယောက်က သူ့နောက်ကို လိုက်ပါလာခဲ့သည်။ အမျိူးသားက အရမ်းပူလောင်နေသည့် သူ့လက်ကို ဆုပ်ကိုင်ထားပြီး သူ့လက်ဖျားတွေနဲ့ ထိမိလိုက်သော် အထိတ်တလန့်ဖြစ်ရခြင်းက ရန်ရိ စိတ်ထဲ ပျံ့ကြဲလာခဲ့​၏။

ရန်ရိက သူ့လက်ချောင်းတွေကို အသာလေး တင်းလိုက်ပြီး ထိုအမျိုးသားကို နှစ်သိမ့်မှုတချို့ပေးရန် ကြိုးစားလိုက်မိသည်။

သို့သော် မကြာခင်မှာပင် Alpha က တွန်းထုတ်ခံလိုက်ရပြီး အဝေးတစ်နေရာမှ သူ့ကို စိုက်ကြည့်နေခဲ့လေ​၏။

မေ့ဆေး အပ်တစ်ချောင်းက အရိုးအကြောထဲကို ထိုးဖောက်လာသည်။ ရန်ရိမှာ ပကတိ သတိလစ်သွားခဲ့ရပြီး အိပ်မက်တစ်ခုထဲ ရောက်ရှိသွားတော့သည်​။ သူ့လည်ပင်းနောက်ကို လှီးဖြတ်နေပါသော်လည်း သူဘာကိုမှ မခံစားရပေ။

သူ alphaကို ပြန်တွေ့ခဲ့ရသည်။

alphaက လှေကားရှေ့မှာ ကို့ရို့ကားယားဖြင့် ထိုင်နေခဲဲ့ပြီး သူ့ကိုယ်အနှံ့အပြားမှာ ဒဏ်ရာတွေက စုတ်ဖြဲလျက်။ ကျောပြင်ကြီး အထီးကျန်ဆန်စွာ ခုံးလို့နေပြီး အဝေးကို ငေးလျက် တံခါးရှေ့မှာထိုင်ကာ စောင့်နေခဲ့လေသည်။

ရန်ရိ လျှောက်သွားပြီး သူ့ရှေ့မှာ ရပ်လိုက်​၏။

Alphaက ခေါင်းမတ်လာသော် ရန်ရိ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရ။ သူက alpha ပါးပြင်ပေါ်ကို လက်တင်လိုက်၍ မျက်နှာပေါ်က မျက်ရည်တွေနဲ့သွေးတို့ကို သုတ်ပေးလိုက်မိသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now