Chapter 7

5.3K 821 18
                                    


|| Unicode ||

အထူးကြပ်မတ်ဆောင်ရှိ ပြတင်းပေါက်ပေါ်တွင် အစိမ်းရောင် အရည်ရွှမ်း ရွက်လှပင်အိုးလေးတစ်လုံးရှိနေသည်။

စောင်ဖြူလေးကို ခြုံထားတဲ့ရန်ရိကပြတင်းပေါက်နားတွင် ဒူးလေးပိုက်၍ ထိုင်ကာအပင်လေးကို ကြည့်နေခဲ့သည်။ များသောအားဖြင့် ၎င်းကအနံ့မရှိသော်လည်း ထူပြီးနူးညံ့တဲ့ အရွက်လေးတွေကို ဖွဖွထိကြည့်ရင်း နှာခေါင်းတိုးကပ်၍ တရှုံ့ရှုံ့အနံ့ခံကြည့်ပါက ထိကရုံးပင်လို လတ်လတ်ဆတ်ဆတ်အနံ့လေးထွက်လာမည်ဖြစ်သည်။

ရန်ရိက အရည်ရွှမ်းနေတဲ့ အရွက်လေးတစ်ရွက် ဆွဲချိူးကာ ပါးစပ်ထဲထည့်စားကြည့်လိုက်သည်။ ဂျယ်လီလေးလိုပဲအရသာက ချိုချိူအီအီလေး။

သူဟာ လူနာဆောင်မှာ တစ်ပတ်လောက်နေခဲ့ရပြီဖြစ်ပြီး ဒီရွက်လှပင်အိုးလေးကလဲ သူစားလို့ အကုန်ပြောင်တော့မည်ဖြစ်သည်။

နောက်လအစားထိုးခွဲစိတ်တာကို ပြင်ဆင်တဲ့အနေနဲ့ သူ့ဂလင်န်းတွေကို တဖြည်းဖြည်း မြုံလာစေရန် နေ့စဉ်နေ့တိုင်း သူ့ကိုထုံဆေးထိုးပေးကြသည်။

အထူးကြပ်မတ်ကုသဆောင်​၏ တစ်ထပ်လုံးမှာ တိတ်ဆိတ်နေပြီး ဘယ်သူကမှ လူနာတွေကို မလိုအပ်ဘဲ နှောင့်ယှက်မှာမဟုတ်ပေ။ တံခါးထံမှ ခြေလှမ်းတို့က မီတာအနည်းငယ်အကွာမှပင် ကြားရလေ​၏။ ရန်ရိ နားထောင်ဖို့ နားလေးတွေကိုထောင်ထားသော်လည်း အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ပြန် ကုပ်ကျသွားသည်။

သူ လုရှန့်ကျင်ကို မတွေ့တာ တစ်ပတ်လောက်ရှိနေပြီ။

လုရှန့်ကျင်သည် သူ့ကုမ္ပဏီ၌ Scheduleက အရမ်းအလုပ်များ​၏။ရန်ရိဆီ လာဖို့ အချိန်ပိုထွက်ရန် ခက်ခဲလှပေသည်။

ရန်ရိ ငြိမ်ငြိမ်လေးပဲ စောင့်နေနိုင်သည်။

ပျင်းလာတဲ့အခါမျိုးမှာ Weibo ပွတ်ကြည့်သည်။ သူ့ရဲ့ Following-List မှာ အလိုအလျောက်Followခဲ့တဲ့ နာမည်ကြီးအနုပညာရှင်များစွာရှိနေခဲ့ပြီး အများစုနဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့ကြသော်လည်း မရင်းနှီးခဲ့ပါချေ။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now