Chapter 83

5.3K 728 29
                                    

|| Unicode ||

ပြိုကျနေသော အပြင်နံရံမှာ အောက်ကို ကျောက်အစတွေပြုတ်ကျနေဆဲ။ လုရှန့်ကျင်ဟာ ပေါက်ကွဲမှုကြောင့် အရည်ပျော်ကာ ပုံပျက်နေသော စတီးတိုင်ကို ထောက်ကိုင်ထားပြီး ကောင်းကင်ကြီးကိုမော့ကြည့်မိ​၏။ သွေးစသွေးနတွေက သူ့လက်မောင်းတစ်လျှောက်ပျံ့နှံ့လာကာ လက်ချောင်းဖျားများမှ ခြေထောက်ဆီကို တစက်စက်ကျလာခဲ့သည်။

သူ နာကျင်တာကို မခံစားရ။ သူ့ရှေ့မှာ ဧရာမ အဖြူအလင်းတန်းကြီးသာရှိနေခဲ့ပြီး မမြင်နိုင်သည့် နံရံကြီးတစ်ခုက သူ့ကိုကမ္ဘာကြီးနဲ့ ခွဲခြားထားခဲ့သလို သူ့နောက်မှ ပရမ်းပတာဖြစ်နေသော သေနတ်သံတွေ၊ ကိရိယာပေါက်ကွဲသံတွေကပြောင်းပြန်လန်လျက်။ခွက်က အိပ်ရာပေါ်မှာလိမ့်သွားသည်နှင့် တဝေါဝေါမြည်သံတွေက သူ့ကို အသိဝင်သွားစေသည်။

သူသည် လေထဲမှာကျန်ခဲ့သော တော်ဖီရနံ့Pheromone အရိပ်အယောင်ကို ဖမ်းယူနေပြီး ရန်ဘက်ထွက်ပြေးရာလမ်းကြောင်းကို ရှာနေခိုက် လက်ထောက်ဆီကို message တစ်စောင်ပို့ပေးလိုက်​၏။

လူနာဆောင်အပြင်ဘက်ရှိ PBBအဖွဲ့ဝင်တွေက ပင်မတပ်စု ဆုတ်ခွာသည်ကို ကာဗာလုပ်ပေးထားကြသည်။ရှဖျင့်ထျန်က ဒေါက်တာကျူံးကို လက်တစ်ဖက်ဖြင့် ပွေ့၍ သူ့ပုခုံးပေါ် မှီထားစေပြီး တခြားတစ်ယောက်ထံမှ Alarm Communicator ကို ကောက်ယူလိုက်​၏​။ ထို့နောက်မှာတော့ အန်းဖေးယဆေးရုံထောင့်စွန်းတိုင်းရှိ စောင့်ကြည့်ရေးစပီကာများမှ ဒေါသဖြစ်နေသောအသံကို ကြားလိုက်ရလေသည် ; < လုံခြုံရေးဌာန သတိအနေအထား! ငါက ရှဖျင့်ထျန်,ဝင်ပေါက်တွေအားလုံးပိတ်ပြီး အမြင့်ဆုံးကာကွယ်ရေး ဖွဲ့စည်းပုံစနစ်ကို ဖွင့်ထား။ ဆေးဝန်ထမ်းတွေအားလုံး နေရာမှာဝပ်တုပ်ထိုင်ထားပါ >

သူက အင်္ဂလိပ်လိုလဲ ထပ်ပြောလိုက်သည်။ အမိန့်ရသည်နှင့် အန်းဖေးယဆေးရုံ​၏ အပြင်ဘက်တံခါးပေါက်များဟာချက်ချင်း ပိတ်သွားသည်။ Fire Wall က မြန်ဆန်သည့်အလျင်နှင့် မြင့်တက်လာပြီး အပြည့်အစုံတပ်ဆင်ထားသည့်ကျည်ကာအင်္ကျီဝတ် လူဆယ်ယောက်ကျော်က မြေပြင်မှ ပထမထပ်ဆီသွားသည့် ဓာတ်လှေကားမှ ပြေးထွက်လာကြသည်။လုံခြုံရေးဌာနက အခုထိ မလွတ်မြောက်သေးသော PBB စစ်သားတွေကို ဝိုင်းထားလိုက်​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now