Chapter 67

5.1K 780 28
                                    

|| Unicode ||

ရန်ရိက ကြီးကျယ်ခမ်းနားတဲ့ အချိန်ခါသမယတွေကို ဘယ်လိုကိုယ်တွယ်ရမလဲဆိုတာကို သိခဲ့ပြီဖြစ်တာကြောင့် ပုံမှန်အတိုင်း လုရှန့်ကျင်ရဲ့ဘေးမှာပဲ မျက်နှာမှာ ယဉ်ကျေးတဲ့အပြုံးဆင်မြန်းရင်း လျှောက်လာခဲ့သည်။

သူကိုယ်သူတောင် အံ့သြမိနေပါ​၏။

သူ ဟောခန်းထဲကို ဝင်လာသောအခါ မှန်ကန့်လန့်ကာဘေးရှိ တစ်ခုံတည်းသော ဆိုဖာမှာ ထိုင်နေသည့် ရင်းနှီးပါသော Omegaတစ်ယောက်ကို ရန်ရိ တွေ့လိုက်ရသည်။

ယွန်မီကို ပထမဆုံးမြင်လိုက်ရသည့်အခိုက်မှာပင် ရန်ရိ နှလုံးသားက ယောင်ယောင်လေး တင်းခနဲ့ဖြစ်သွား​၏ ။

သူမကြိုက်တဲ့ တစ်စုံတစ်ယောက်ကို မြင်လိုက်ရသလိုပဲ၊ သေသေချာချာတွေးကြည့်မိသော် ဒီမျက်နှာရဲ့ အကျွမ်းတဝင်ရှိမှုက သူ့ ကျော်ကြားမှုကနေ လာတာဖြစ်လောက်သည် ။

အကြောင်းမူ Weiboမှာ သူ့ကို Followထားတာကြောင့် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကတောင် သူဟာ ရုပ်ရှင်အတွက် ယွန်မီရဲ့ နောက်ဆုံး မိတ်ကပ်ဓာတ်ပုံကိုတောင် တွေ့ခဲ့ပါသေးသည်။ black fanတွေရဲ့ comment တွေက အရမ်းပြင်းထန်လွန်းတော့ သူ့ရဲ့ ဒီမင်းသားအပေါ်ထင်မြင်ချက်ကတောင် ဆိုးရွားနေပြီ။

ယွန်မီမှာ ရန်ရိက သူ့ကို အဝေးကနေ လှမ်းကြည့်နေတာကို တွေ့လိုက်ရလျှင် သူ့နှလုံးသားမှာ ပုံရက်သားဖြစ်သွား​၏။

မူလအရေးပါတဲ့လူက အနှစ်သက်ပြန်ခံလာရတဲ့ အနေအထားရောက်လာတော့ အငယ်အနှောင်းကို လူမြင်ကွင်းမှာဘောက်ချာစုပ်တော့မှာများလား?

ထို့ကြောင့် ယွန်မီက ချောင်းဆိုးဟန်ဆောင်ပြီး ဝိုင်ခွက်ကို စားပွဲပေါ်တင်လိုက်ကာ ပြပွဲအဖွင့် ကြားမှာပင် သန့်စင်ခန်းထဲကိုဝင်သွားလိုက်တော့သည်။

သူက အခန်းကန့်ထဲမှာပဲတစ်ယောက်တည်း စီးကရက် သောက်နေလိုက်သည်။ အချိန်တွေရေတွက်နေပြီးနောက် ရန်ရိကလုရှန့်ကျင်နဲ့အတူ ပြပွဲကိုရောက်သွားလောက်ပြီပင်။သူလဲ သက်ပြင်းချလိုက်၍ လက်ဆေးကန်ကိုသွားလိုက်ပြီးမှန်ကြည့်လိုက်မိ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now