Chapter - 68 (U+Z)

645 99 1
                                    

(Unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၆၈

အင်အားကြီးသော ရန်သူ။

အဖမ်းခံရတာကို ကြောက်နေမယ့်ရ အစား အာဒမ်က သူစိမ်းတစ်ယောက်ရဲ့ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရတဲ့အတွက် သူ့ကိုယ်သူ ရှက်နေမိတယ်။ သူ့ပြန်ပေးဆွဲမှုရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိတယ်ဆိုတာကို သူက တကယ်သိပြီးသားပါ။ လိုင်ဇာ သူ့အဖေ အက်ဇာ့ကို ဖမ်းဖို့ အတိတ်က ခြိမ်းခြောက်ခဲ့တဲ့ လူကသာလျှင် သူ့ကို ဖမ်းခဲ့တာပါ။

လိုင်ဇာက တန်ခိုးကြီးတယ်။ သူ့လက်အောက်မှာ အစွမ်းထက်တဲ့ မှော်ဆရာများတွေကို ချိတ်ဆက်မှုများစွာ ပြုလုပ်ခဲ့တယ်။

ဒီဆက်သွယ်မှုများကြောင့်ပဲ လိုင်ဇာရဲ့ တန်ခိုးက ဧကရာဇ် တစ်ပါးလိုမျိုးတောင် နှိုင်းယှဉ်နိုင်နေပြီ။ နောက်ပြီး အာဒမ် စိတ်ပူနေတာ တစ်ခုရှိသေးတယ်။ အက်ဇာက သူ့ကို လူကိုယ်တိုင် လာရောက်ပြီး ကယ်တင်တဲ့အထိတော့ မဆငခမခြင် မလုပ်လောက်ဘူးလို့ သူမျှော်လင့်တယ်။ 

ဘာကြောင့်လဲဆိုတော့ လိုင်ဇာကလည်း ဒီလိုမျှော်လင့်ထားလို့ပါပဲ။ လိုင်ဇာက အက်ဇာ့ အာဒမ့်ကို မဆင်မခြင် ကယ်တင်မဲ့ အသက်ဆယ့်သုံးနှစ်အရွယ် အပြစ်ကင်းတဲ့ ကောင်လေးတစ်ယောက်မျှသာ ထင်ခဲ့တယ်။

အက်ဇာ့အတွက် သူ နောက်ထပ် ဒုက္ခမပေးချင်တော့ဘူး။ သူ့ကို အရမ်းချစ်တယ်။

" မင်းက တော်တော် အသက် ကြီးလာပြီပဲ၊ အာဒမ် ကယ်လ်ဒါရွန် "

အဲဒါက လိုင်ဇာရဲ့ လက်အောက်ခံပါ။ သူ့နာမည်က ချယ်လ် သူက လိုင်ဇာ့လက်အောက်မှာရှိတဲ့ သူတွေရဲ့ အဓိက ခေါင်းဆောင်တစ်ယောက်ပေါ့။

အေးစက်နေပြီး စိုစွတ်တဲ့ ကြမ်းပြင် ပေါ်မှာ သံကြိုးနဲ့ ချည်ခံထားရတဲ့ အာဒမ်ကို သူက စိုက်ကြည့်နေတယ်။ အာဒမ်က ချယ်လ့်ကို စိုက်ကြည့်ရုံပဲ စိုက်ကြည့် နိုင်ခဲ့တယ်။ ဘာအတွက်ကြောင့်လဲဆိုတော့ သူ့ ပါးစပ်ထဲကို ထိုးထည့်ထားတဲ့ အဝတ်စကြောင့် သူက အခု စကား တစ်လုံးမှ မပြောနိုင်ဘူး။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now