Chapter - 48 (U+Z)

910 161 1
                                    

(unicode)

သခင်ငယ်နှင့်သူ​၏နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၄၈

အေးဆေးတည်ငြိမ်သော နတ်ဆိုး။

ကယ်လီစတို မြေပြင်ပေါ်ကို ခြေချလိုက်တဲ့အခါ မြေပြင်က ဖြည်းဖြည်းချင်း တုန်ခါလာတယ်။ ပတ်ဝန်းကျင်က လူတွေကလည်း ဟန်ချက် ပျက်သွားကြတယ်။ အာဒမ်က သူ့ရင်ခွင်ထဲ ကျွန်တော့်ကိည တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး ကျွန်တော်လည်း သူ့အနားကို တိုးကပ်သွားတယ်။

ကယ်လီစတိုက ကျွန်တော့် နတ်ဆိုးဖြစ်ပေမဲ့
သူ ကျွန်တော့်ကို အညံ့မခံသေးဘူး။ သူ ဒေါသထွက်နေပြီလို့ ပြောလို့ရတယ်။ ကယ်လီစတိုကဟိန်းဟောက်ခဲ့ပြီး အစောင့်များနဲ့ အယ်ဖိုနက်ရဲ့ လူတွေကို စတင်တိုက်ခိုက်ခဲ့တယ်။

"အား"

ခေါင်းတွေ ပြုတ်ကျကုန်တယ်။ ခြေလက်တွေပါ လှီးဖြတ်ထားခံလိုက်ရပြီ။ မြင်ကွင်းက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။ ရက်ဖေးလ်ကြောင့် အဲဒီလူရဲ့ ခေါင်းပြုတ်ကျခဲ့တာကို မြင်ခဲ့ရတာထက်ကို အခုက ပိုကြောက်စရာကောင်းတယ်။

အာဒမ်က ကျွန်တော့်မျက်လုံးတွေကို အုပ်လိုက်တယ်။ သူ အဲဒီလိုလုပ်လိုက်မှ ကျွန်တော့်ရဲ့စိုးရိမ်စိတ်က နည်းနည်းတော့ ကျဆင်းသွားတယ်။ ညည်းတွားသံတွေနဲ့ သွေးထွက်သံယို အော်ဟစ်သံတွေကို အခုထိ ကြားနေရတယ်။ ပုံရိပ်တွေက ခေါင်းထဲက ပျောက်သွားမှာ မဟုတ်သေးဘူး။ မိုးသံကို အာရုံစိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့တယ်။

သီချင်းကို နားထောင်စဉ် ကျွန်တော် အိပ်မော ကျသွားတတ်တဲ့ မိုး။ ကျောင်းစာတွေ လုပ်ပြီးတာနဲ့ ကျွန်တော့်အခန်းထဲမှာပဲ အိပ်ပျော်သွားစေတဲ့မိုး။

(A/N: ဆိုလိုတာ ဒီမိုးသံက သူ့အတွက်သီချင်းသံလိုဖြစ်နေပြီး ဘယ်အချိန် ဘယ်နေရာမှာမဆို မိုးသံကြားလိုက်တာနဲ့ အိပ်ပျော်သွားတာက်ိုပဲ တင်စားတာပါ။)

"ရှူး"

အာဒမ်က ကျွန်တော့်ကို နှစ်သိမ့်ပေးတယ်။သူက ကလေးပဲရှိသေးတာ။ သူလည်း ကျွန်တော့်လိုပဲ ကြောက်နေမှာ သေချာတယ်။ သူ့ခန္ဓာကိုယ်က တော်တော်လေး တုန်နေတာ။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now