Chapter - 88 (U+Z)

490 76 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၈၈

ထုတ်ပြန်ခြင်း။

တစ်နာရီ ကျော်သွားပြီ။ ငါ အခု အောင်ပွဲခံနေပါတယ်။ အခု စက်ဟစ်လို့ခေါ်တဲ့ ရှေးနတ်ဆိုးတစ်ကောင်ကို ငါပိုင်ခဲ့ပါပြီ။ 

ငါ့ စစ်သားတစ်ယောက် အနေနဲ့ သူက တရားဝင် ငါ့နတ်ဆိုးပဲ။ ဒါ​ပေမယ့်​ ကျွန်​​တော့်​ကို သူ့သခင်​အဖြစ်​ လက်​ခံဖို့ အချိန်​အ​တော်​ကြာလိမ့်အုံးမယ်​။ သူငါ့ကို ထပ်ပြီး အပိုင်စီးရမလား မပြောတတ်ဘူး။

ဒါကြောင့် သူ့ကို ငါ တံဆိပ်ခတ်နှိပ် ထားခဲ့တယ်။ ဒါပေမယ့် ဘယ်လို သုံးရမှန်း မသိတဲ့အတွက် ကျန်ကျောင်းတော်တစ်ခုမှာပဲ သူ့ကို တံဆိပ် ခတ်နှိပ်ထားတယ်။ ဒေါသကြီးပြီးတော့ ကြမ်းတမ်းတဲ့ နတ်ဆိုးများကို တံဆိပ် ခတ်ရန် ဒီဗိမာန်ကို အသုံးပြုရမယ်။

သူတို့ကို မနာလို ဝန်တိုစိတ်နဲ့ လက်အောက်ခံအစေခံ လုပ်ခိုင်းဖို့အတွက် သူတို့ကို နေ့တိုင်း ဒဏ်ပေးမယ့်နေရာ၊ ကြမ်းတမ်းတယ်...ဒါပေမယ့် ငါဒီလို လုပ်မှကို ရမယ်။

အိုး အခု ငါက တဖြည်းဖြည်းနဲ့ ငါ့အဖေလို ဖြစ်လာသလိုပဲလို့ ခံစားရတယ်။ ပျက်စီးသွားတဲ့ ဘုံကျောင်းကို အဆင့်နိမ့် နတ်ဆိုးတွေက ပြန်လည် တည်ဆောက်နေတယ်။ ပြီးတော့ ငါ့နတ်ဆိုးတွေ အနားယူဖို့ ငါ့ရဲ့ တကယ့် ကမ္ဘာကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ငါ့ကိုယ်ငါ ပင်ပန်းပေမဲ့လည်း တကယ့်ကမ္ဘာကို ပြန်ရောက်တဲ့အခါ ကောင်းကင်ကြီးကို ငါ မြင်လိုက်ရတယ်။ ဟုတ်တယ် ဒီအချိန်က လက်တွေ့ ကမ္ဘာထဲမှာ ဘာမှ မပြောင်းလဲပါဘူး။

" အိုး ငါ့ခန္ဓာကိုယ်က အရမ်းနာတယ် "

ငါက သစ်ပင်ကို မှီပြီး ညည်းတယ်။ အဆောင်ခန်းကို ပြန်သွားပြီး အနားယူရမယ်။ မနက်ဖြန် ပွဲတော်မှာ ပါဝင်ရတော့မှာ ဖြစ်တဲ့အတွက် အပြည့်အဝ အနားယူဖို့ လိုတယ်။ ဆယ်မိနစ်လောက် အနားယူပြီးတော့ မတ်တပ်ထရပ်ပြီး ကိုယ့်အဆောင်ကို ပြန်သွားခဲ့တယ်။

***

ငါ အိပ်ယာပေါ် လှဲချလိုက်တာနဲ့ လန့်သွားတယ်။ ဟုတ်တယ် ဒီနေ့ပ ပွဲတော်နေ့ပဲ။ ရိုးရိုး သားသားပြောရရင် ငါက ရောင်စုံစက္ကူတွေနဲ့ အလှဆင်ဖို့ မျှော်လင့်နေခဲ့မိတယ်။ ဒါပေမယ့် ကျောင်းရဲ့ ခန်းမထဲမှာပဲ သပ်ရပ်တဲ့ အလှဆင်မှုတွေ ရှိတယ်။ ဒီခန်းမက အရမ်းကြီးတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now