Chapter - 69 (U+Z)

586 103 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၆၉

လူယုတ်မာ။

အခု အတန်းတွေ ပြီးပြီ။ အခုထိ အိုင်အိုရော ငါ့နတ်ဆိုးတွေရော ပြန်မလာသေးဘူး။ အခု ငါ အတန်းကို စိတ်မ၀င်စားနိုင်ဘူး။ အတန်းပြီးကတည်းက ကျောင်း အဆောက်အအုံအပြင်ဘက်မှာ ရပ်နေခဲ့တယ်။ တစ်ယောက်တည်း လေကောင်းလေသန့် ရှူချင်တယ်လို့ ငါက ငါ့ သူငယ်ချင်းတွေကို ပြောခဲ့တယ်။ ငါ့လက်တွေကို နောက်ပစ်ထားတယ်။ တဖြည်းဖြည်းနဲ့ ဝင်တော့မယ့် နေကို ငေးကြည့်နေတယ်။

ဒီကိစ္စကို ငါ့မိသားစုကို ပြောပြရမလား။ ဒါပေမဲ့ လိုင်ဇာက ဘယ်လောက် အစွမ်းထက်လဲတော့ မသိဘူး။ သူရဲ့ စစ်သည်တွေ ဒါမှမဟုတ် ငါက ဘယ်လို အန္တရာယ်မှ မပေးချင်ဘူး။ လူတိုင်းကို ကာကွယ်ပေးမယ်လို့ ကိုယ့်ကိုယ်ကို ကတိပေးခဲ့တယ်။ ငါ့ကြောင့် ငါ့အစ်ကိုတွေ နာကျင်ရတယ်ဆိုတာ သိလိုက်ရရင် ငါ့စိတ်တွေ ကြေကွဲသွားလိမ့်မယ်။ ဒီအကြောင်း ငါ့ကို ဖေဖေက သတိ ပေးထားတယ်။

လူတိုင်းကို ကာကွယ်ဖို့ စွမ်းအား သုံးရမယ်လို့ ကိုယ့်ကိုယ်ကို ပြောခဲ့တယ်။ အရင်ကလို မဆင်မခြင် မနေနိုင်တော့ဘူး။ ကောင်းကင်ကြီး မဲမှောင်လာတဲ့အခါ ငါ့မျက်ခုံးတွေ တဆတ်ဆတ် တုန်နေတယ်။ နေက လိမ္မော်ရောင် ပြောင်းသွားတယ်။ ထို့နောက် လိမ္မော်ရောင်က နောက်ဆုံးတော့ မိုးကုတ် စက်ဝိုင်းအတွင်းကနေ ပျောက်ကွယ်သွားတယ်။

ဒါပဲ။ ငါက ဒီမှာရပ်ပြီး ဘာမှမလုပ်နိုင်ဘူး။

" လီလစ် "

" ဟုတ်ကဲ့ သခင်လေး "

လီလစ်က ငါ့အနားကို ချက်ချင်းပဲ ရောက်လာတယ်။ သူမက ငါ့ကို စိုးရိမ်တဲ့ အကြည့်တွေကို သတိပြုမိပြီး စိတ်ပူဘဲ မနေနိုင်ခဲ့ဘူး။

" သခင် "

သူမက ငါ့ကိုခေါ်တယ်။ ငါ သူမကို လှမ်းကြည့်လိုက်တယ်။ 

" အာဒမ်ရဲ့ ပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး မင်းကို သတင်းပို့တဲ့ အဆင့်နိမ့် နတ်ဆိုးကောင်ရဲ့ နာမည်က ဘာလဲ "

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now