Chapter - 42 (U+Z)

972 169 1
                                    

(Unicode)

သခင်ငယ်နှင့်သူ​၏နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၄၂

မွေးနေ့လက်ဆောင်။

ချီးပဲ။ ငါ့မှာ မြေပဲအရွယ်အစားလောက် မှတ်ဉာဏ်ပဲ ရှိနေတာ မကောင်းဘူး။ အခုလည်း မနက်ဖြန်မှာ ကျရောက်မဲ့ အဖေ့ မွေးနေ့ကို မေ့သွားတယ်။

အဲဒီမှာ ကြိုတင်ပြင်ဆင်ထားတဲ့ ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်မှုတွေ ရှိတယ်။ စားဖိုမှူးတွေက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေပြီး နောက်ပွဲတစ်ခု ထပ်ရှိခဲ့မယ်ဆိုတဲ့ ရိုးအတဲ့အသွင်ဟန်ဆောင်ခဲ့တယ်။

ကျွန်တော့်ညီအစ်ကိုတွေက ကျွန်တော် သိပြီးသားလို့ ထင်ကောင်း ထင်ကြလိမ့်မယ်။

ဒီအိမ်မှာ တစ်ယောက်ကမှ ငါ့ကို မပြောခဲ့ကြဘူး။ မနက်ဖြန် ဖေဖေ့ရဲ့ မွေးနေ့ဖြစ်တယ် ဆိုတာကို။ အဖေ့မွေးနေ့က ကျွန်တော့်မွေးနေ့အပြီး နှစ်ပတ်အကြာမှာ ဆိုတဲ့ အချက်ကို မေ့နေခဲ့တာ။ ကျွန်တော့် ဆံပင်ကို စိတ်ရှုပ်ရှုပ်နဲ့ ဆွဲလိုက်တယ်။

ဒီနေ့ သူ ထူးထူးခြားခြား လုပ်ပြနေတာ အံ့သြစရာ မရှိနေဘူး။ သူက ကျွန်တော့်ကို ခေါ်လာပြီး  စိုက်ကြည့်နေခဲ့တယ်။ ညစာစားချိန်မှာတောင် ခွံ့ကျွေးတယ်။

" ကောင်းသောညပါ ညီလေး " ခရစ္စတိုဖာက ညစာစားပြီးရင် အခန်းထဲ ပြန်ပို့ပေးပြီးတော့ ကျွန်တော့် ပါးပြင်ကို နမ်းခဲ့တယ်။

ရက်ဖေးလ် နဲ့ စက်ဘက်စတာတို့ကလည်း သူတို့အခန်းထဲ မဝင်ခင် နှုတ်ဆက်စကား ပြောကြတယ်။ ဂျူနို က နှုတ်ဆက်ဖို့ အခန်းထဲ ဝင်လာပြီးတော့ ပျောက်သွားတယ်။ ခရစ္စတိုဖာနဲ့ ထိပ်တိုက်တွေ့မှာကြောင့် အမြွှာတွေကို လာရောက်လည်ပတ်ခွင့် မပြုနိုင်ဘူး။

ဒါပေမယ့် ရိုးရိုးသားသားပဲ မလား။ အဲဒါတွေအားလုံးကို ကျွန်တော် ဂရုမစိုက်ပါဘူး။ အခုက
ဖေဖေ့အတွက် ဘာဆိုဘာမှ ဝယ်ပေးစရာ မရှိနေတာ။

ထိတ်လန့်စွာနဲ့ နံရံမှာ ချိတ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ ဆယ်နာရီထိုးနေပြီ။ ပါတီပွဲကို နေ့လယ်ပိုင်းမှာ ကျင်းပမယ်လို့ ထင်တယ်။ လက်ဆောင်တစ်ခုခု ရှာရတော့မယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now