Chapter - 15 (U+Z)

1.6K 266 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁၅

အဆိပ်။

အမေ့ရဲ့ သေဆုံးမှုက ကြေကွဲဝမ်းနည်းစရာ ကောင်းတယ်။ ဘယ်သူမှ မယုံနိုင်ဘူး။ သူမက တကယ် ဖျားနေတယ်လို့။

ဒါပေမယ့် ဆရာဝန်တွေက ပိုပြီး ကျန်းမာလာတယ်လို့ ပြောတယ်။ အဲဒါကို ဆရာဝန်တွေက သက်သေ ပြထားတယ်။

' အဲဒါ အဆိပ်ပဲ။ တစ်ယောက်ယောက်က အမေ့ကို အဆိပ်ခတ်ခဲ့တယ် '

ဈာပနကို မနေ့က ကျင်းပတယ်။ အမေ မရှိတော့မှန်း သိလို့ ငါက လာမလို့ လုပ်ထားပေမဲ့လည်း တုန်လှုပ်မှုကြောင့် မေ့လဲသွားတယ်။ 

ရက်ဖေးလ် နဲ့ ခရစ္စတိုဖာလား။ သူတို့ကိုတော့ ငါ မပြောတတ်ဘူး။ အခုချိန်မှာ ကျောင်းတက် နေတဲ့ မှူးမတ်တွေကို ဘယ်လို အခြေအနေမျိုးမှာမဆို အိမ်ပြန်ဖို့ကို တားမြစ်ထားတယ်။ သူတို့ရဲ့ နာကျင်မှုတွေကို မှင်၊ စက္ကူတွေနဲ့ မထည့်ထားနိုင်တာမို့ သူတို့က စာတွေ မပို့နိုင်ကြဘူး။

အမွှာတွေ ကမ္ဘာ ပျက်ကုန်ပြီ။ ဟုတ်ပါတယ်။

ငါတို့ ညီအစ်ကို ခုနစ်ယောက်ပဲ ရှိတယ်။ ဒီမှာ တခြား ညီအကိုတွေ အရမ်း စိတ်ဓာတ်ကျနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြံ့ခိုင်ဖို့ လိုတယ်။ စက်ဘက်စတာက ဝန်ထုပ်ဝန်ပိုး အများဆုံး ခံစားခဲ့ရသူပါ။ သူက လက်ရှိ ငါတို့အထဲမှာ အသက်အကြီးဆုံး ဖြစ်တယ်။

သူ့ညီငယ် အားလုံးကို နှစ်သိမ့်ပေးဖို့ လိုတယ်။

သူ့ကိုတော့ နှစ်သိမ့်ပေးမယ့်သူ မရှိဘူး။ ဒီနေ့ဟာ ဘယ်သူက တရားခံလဲ ဆိုတာကို ဆုံးဖြတ်ဖို့ အိမ်မှာ အလုပ်လုပ်တဲ့ သူတိုင်းကို စက်ဘက်စတာက မေးခွန်းထုတ်မဲ့ နေ့ပါ။

' သူတို့ ခန်းမထဲမှာ ရှိတယ် '

ငါ ဒီမှာ မနေသင့်ဘူး။

ဒါပေမယ့် ဘယ်သူက လုပ်ခဲ့တာလဲဆိုတာ သိဖို့လိုတယ်။ 

' ငါ လုပ်ရမယ် '

လွန်ခဲ့တဲ့ နှစ်ရက်က မွေးနေ့ပါတီမှာ အဖေနဲ့ လျှောက်သွားခဲ့တဲ့ တံခါး နှစ်ထပ် ကာရံထားတဲ့ ဆီကို တိတ်တဆိတ် လျှောက်သွား ခဲ့တယ်။ ပြီးတော့ ဘေးကနေ ချောင်းကြည့် မိတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now