Chapter - 6 (U+Z)

2K 316 3
                                    

(Unicode)

သခင်ငယ်နှင့်သူ​၏နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၆

အကာအကွယ် လွန်ကဲသော အစ်ကိုများ။

တိတ်ဆိတ်နေတဲ့ ညစာစားချိန်မှာ ကျွန်တော်ကတော့ အဖေ့ကို စိုက်ကြည့်နေရုံနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ဖေဖေ အစားစားနေတဲ့ ပုံစံက ကြည့်လို့ အရမ်းကောင်းတာပဲ။

ကျွန်တော် အသားစားတာကို လွမ်းသွားတယ်။ တစ်ချိန်လုံး နို့မစို့ချင်နေဘဲ ဝါးချင်နေခဲ့တာ။ ဖေဖေ ထမင်းစားနေတာကို ကျွန်တော် စိုက်ကြည့်နေမှန်း ဖေဖေက သတိထားမိပြီး သူ့မျက်လုံးတွေက ကျွန်တော့်ကို တစ်ချက် တစ်ချက်ကြည့်တယ်။

' အက်ဇာ ဒီအချိန်က မာတဲ့ အစားတွေကို စားရမယ့် အချိန်မဟုတ်ဘူးမလား ' ဖေဖေက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။

“ အချိန်တန်ပြီ ထင်တယ် ” ခရစ္စတိုဖာက ပြောတယ်။

" လေးလသားကလေးက အစိုင်အခဲတွေကို စားလို့ရတယ် "

" မှန်တယ် "

အမေက ခေါင်းညိတ်လိုက်တယ်။

“ ဒါဆို အက်ဇာ့ အတွက် အစာမာတွေ ပြင်ဆင်ပေးဖို့ စားဖိုမှူးတွေကို ပြောလိုက် "

အဖေက သူ့အရက်ကို တငုံသောက်ရင်း တိတ်တိတ်လေး ပြောတယ်။

' အစာမာတွေက ရွံမုန်းစရာလို့ ငါက ထင်ခဲ့တယ်။ ဒီအမှိုက်တွေကိုများ သူတို့က စားစေချင်တာလား '

ကျွန်တော်တွေးရင်း မျက်မှောင် ကြုတ်လိုက်မိတယ်။

ထို့နောက် နှုတ်ခမ်းကို နမ်းလိုက်သည်။ စားပွဲတစ်ဖက်ကို လှမ်းကြည့်လိုက်တယ်။ ရက်ဖေးလ် နဲ့ ဂျူနိုက ညစာစားချိန်တိုင်း တိတ်ဆိတ်နေကြတယ်။ ဒါ​ပေမယ့်​ ကျွန်​​တော့်​ မျက်​လုံး​တွေက ဂျူနိုနဲ့​ တွေ့ဆုံခဲ့တယ်​။

"..."

' ဒါဟာ အတိုချုပ်ပဲ၊ ထို့နောက် ဆက်စားတယ်။ သူနဲ့ ရက်ဖေးလ် ဘာဖြစ်ထားခဲ့ တာလဲလို့ တွေးမိတယ် '

" မင်းရဲ့ လေ့ကျင့်ရေးက ဘယ်လိုလဲ "

' အဖေက မေးတော့ ကျွန်တော်လည်း အဲဒါကသူ ဘယ်သူ့ကို ရည်ရွယ်ပြီး မေးတာလဲလို့ တွေးမိတယ် '

Young Master And His Demon Army [ဘာသာပြန်] CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ