Chapter - 40 (U+Z)

1.1K 181 2
                                    

(Unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၄၀

အမွှာတွေရဲ့ သူငယ်ချင်း။

" ကောင်းပြီ "

နောက်ဆုံးတော့ ငါက အရှုံးကိုလက်ခံရင်းနဲ့ပဲ သက်ပြင်းချလိုက်တယ်။

ဘာပဲဖြစ်ဖြစ် ညဘက်ဆို အိုင်အိုကို ခေါ်လို့ ရသေးတာပဲ။

" ကောင်းပြီ "

နတ်ဆိုးကောင်လေးက ပျင်းရိစွာ ခေါင်းညိတ်ပြတယ်။

" ကဲ အခု ငါပြန်အိပ်နိုင်အောင် မင်းက ငါ့ကို နာမည်ပေးလိုက်ပါ "

" အဲလောက် လွယ်လား " 

ငါ မယုံ ကြည်နိုင်လောက်အောင် ပေါက်ကွဲသွားတယ်။

" ငါပြောသလိုပဲ။ သခင်ငယ်လေး။ မင်းက တန်ခိုးကြီးတယ်။ နတ်ဆိုးတွေက မင်းကို လက်အောက်ခံဖို့ လွယ်လိမ့်မယ်။ ဒါပေမဲ့ သူတို့က မင်းဆီမှာ အပြည့်အဝ နာခံဖို့ဆိုတာကတော့ အဲတာ ခက်ခဲလိမ့်မယ် "

အိုင်အိုက ငါ့ကို ရှင်းပြတယ်။

အဖေက ငါ့ကို နတ်ဆိုးတွေကို သူငယ်ချင်းလို မဆက်ဆံဖို့ သတိပေး ပြောထားတယ်။ သူ တို့ကို တောင်းဆိုတာက လွယ်ကူနိုင်တယ်။

ဒါပေမယ့် သူတို့ကို ထိန်းချုပ်ပြီး ငါပြောသလိုမျိုး လုပ်ခိုင်းတာကတော့ ခက်ခဲပါတယ်။ အိုင်အိုကတော့ စည်းတံဆိပ် ပျက်သွားတာကြောင့် ငါ့ရဲ့ နတ်ဆိုးဖြစ်နေပြီ။

အခု ဒီနတ်ဆိုးကို ငါ့ရဲ့ လက်အောက်ခံ ဖြစ်အောင် ငါလုပ်ရလိမ့်မယ်။ ကျွန်တော် ထပ်ပြီး သက်ပြင်းချလိုက်ပြီး ဒီနတ်ဆိုးကို ဘယ်လိုခေါ်ရမလဲဆိုတာ စဉ်းစားရတော့တယ်။

သူ့မျက်လုံးတွေကို မြင်ရတာက ငါ့ကို တစ်စုံ တစ်ခုဆီ သတိရသွားစေတယ်။

" မင်းနာမည်က ကယ်လီတို ပဲ ဆင်ပြေလား "

" အရမ်းကို ကောင်းတယ် ဒါဆိုရင် နှုတ်ဆက်ပါတယ် "

ရုတ်တရက် ကယ်လီတိုက လေထုထဲမှာပဲ ခပ်မြန်မြန် ပျောက်ကွယ်သွားတယ်။

အိုင်အိုနဲ့ ငါက ငါ့အခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now