Chapter - 7 (U+Z)

1.9K 317 2
                                    

(unicode)

သခင်ငယ်နှင့်သူ​၏နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၇

သူက ကျွန်တော့်ကို နားလည်တယ်။

ရက်ဖေးလ် နဲ့ ဂျူနိုက ကျွန်တော့်ကို ကာကွယ်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြတယ်။ သူတို့ဆန္ဒအရပေါ့။ အဖေက သူတို့ကို အားပေးပြီး နှစ်ဆ ပိုကြိုးစား လေ့ကျင့်ခိုင်းတယ်။ အဲဒါကြောင့် မတွေ့တာ လေးပတ်လောက်ရှိပြီ။ ဆိုလိုတာက တစ်လလုံးနီးပါးပဲ။

သေချာပါတယ်။ ကျွန်တော် သူတို့ကို လွမ်းနေခဲ့တာ။ ဒါပေမယ့် ဘာလုပ်နိုင်မှာလဲ။ ကျွန်တော်က ကလေးပဲရှိသေးတာကို။

ငါးလလောက်ရှိပြီ။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။

ကျွန်တော် မြန်မြန် ကြီးပြင်း ချင်လာတယ်။ နောက်ဆုံးမှာတော့ စကားပြောတာနဲ့ လမ်း လျှောက်တာကို လုပ်နိုင်ခဲ့တယ်။ ဒီပုခက်စုတ်မှာ အိပ်ဖို့ကလွဲ ဘာမှမလုပ်ရတဲ့ဝဋ်က ကျွတ်သွားပြီလေ။

" အက်ဇာ "

တံခါးဝက အက်ဂါရဲ့ အသံကို ကြားလိုက်တာနဲ့ မျက်တောင် ခတ်မိတယ်။

ဟင် အက်ဂါက များသောအားဖြင့် ခရစ္စတိုဖာ သို့မဟုတ် စက်ဘက်စတာနဲ့ပဲ ဝင်လာတတ်တယ်။ အက်ဂါနဲ့တွေ့ဖို့ ကျွန်တော့် ခန္ဓာကိုယ်ကို လှည့်လိုက်တယ်။

" အာဂူး "

" ဟယ်လို သူငယ်ချင်းလေး " အက်ဂါက သူ့လက်ကို ကျွန်တော့်ဆီ လာဆွဲပြီး ပါးလွှာတဲ့ ဆံပင်တွေကို ပွတ်သပ်ပေးတယ်။

" အားလုံး အပြင်သွားနေကြတုန်း သတိထားစောင့်ဖို့ အမေကပြောခဲ့တယ် "

'အားလုံး အပြင်သွားကြပြီလား၊ ခရစ္စတိုဖာကိုကျ သူ့အစား ဘာလို့ မလွှတ်လိုက် ရတာလဲ။ အက်ဂါက ပထမဆုံတုန်းကဆို ကျွန်တော့်ကို ပစ်ပေါက်လုနီးပါးပဲ '

ရိုစ့်မေရီက အခန်းထဲကို ၀င်သွားတယ်။ ပြီးတော့ တစ်ခုခုကို သက်သာရာရစွာ သက်ပြင်းချမိတော့တယ်။

" သခင်လေး အက်ဂါ ကျေးဇူးပြုပြီး သခင်လေး အက်ဇာ ကို ခေါ်သွားဖို့ မကြိုးစားပါနဲ့။ သူနဲ့ အတူ ကစားနိုင်ပေးနိုင်တယ်။ သူ့ကိုတော့ မခေါ်ထုတ်ပါနဲ့ "

Young Master And His Demon Army [ဘာသာပြန်] CompletedDonde viven las historias. Descúbrelo ahora