Chapter - 64 (U+Z)

704 113 2
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၆၄

အိပ်ရာဝင် အိပ်မွေ့ချခြင်း။

ထမင်းစားချိန်က ပြီးခါနီးပြီ။ လီလစ်ရဲ့သတင်းကိုစောင့်ရင်း ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။ စောင့်ဆိုင်းနေစဉ် မှာပဲ အဆင့် အတန်းမြင့်တဲ့ ကျောင်းသား နှစ်ယောက်က ကျွန်တော့်ကို လာနှုတ်ဆက်တယ်။ 

သူတို့က စကားပြောဖို့အတွက် ခေါင်းစဉ်တစ်ခုကို ဖန်တီးဖို့တောင် ကြိုးစားခဲ့ပြီး သူတို့က ကျွန်တော့်ထက် အများကြီး ပိုစကားပြောနိုင်ကြပါတယ်။ သူတို့ထဲက တချို့တစ်ဝက်က မားကွပ်စ် မိသားစုက ဖြစ်တယ်။

အချို့ကတော့ နယ်စား မိသားစုမှဖြစ်တယ်။ အဲဒါတွေကသာ ငါ့ဆီ ချဉ်းကပ်ရဲတဲ့ အဆင့်နှစ်ဆင့်ပဲ။ ကျွန်တော်က တခြား ကျောင်းသားတွေကို ပိုသိစေချင်တယ်လို့ ပြောနိုင်ပေမယ့် ဒီအဆင့်တန်း ခွဲခြားမှု စနစ်က ငါ့အာရုံကို ထိခိုက်စေတယ်။

" သခင်... "

လီလစ်က ကျွန်တော့်ဘေးနားက ရုတ်တရက် ထွက်လာတာကို မြင်လိုက်ရတော့ ကျွန်တော် မျက်တောင်ခတ်လိုက်တယ်။ 

" မင်းက ငါ့ကိုကြောက်လန့်စေတာလား "

ငါ လီလစ်ကို တိုးတိုးလေး ပြောလိုက်ပါတယ်။ ဒီလိုပြောတော့ လီလစ်က နှာခေါင်း ရှုပ်ပွသွားပြီးနောက်... 

" တောင်းပန်ပါတယ် နောက်တစ်ခါ မင်းကို အသိပေးဖို့ ငါသတိထားပါ့မယ် "

" အင်း အဆင်ပြေပါတယ် " လို့ တိုးတိုးလေး ပြောပြန်လိုက်တယ်။ လီလစ်ရဲ့ ရယ်စရာ ကောင်းတဲ့ တုံ့ပြန်မှုကို ငါက ထိန်းထားဖို့ ကြိုးစားတယ်။ 

" ဘာပဲဖြစ်ဖြစ် သတင်းက ဘာတဲ့လဲ "

" အိုး ဟုတ်တယ်" လီလစ်က ခေါင်းညိတ်တယ်။ စားပွဲ တစ်ခုတည်းက သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ်။

" နားလည်ပြီ "

" ဒါပေမယ့် လူသားတစ်ယောက် ရှိတယ်၊ အဲတာက ကောင်လေးတစ်ယောက်ပါ၊ ငွေရောင်ဆံပင်တွေနဲ့ ကောင်လေးတစ်ယောက်က သူ့ကို နှောင့်ယှက်တယ် "

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now