Chapter - 2 (U+Z)

3K 369 6
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၂

အိမ်ထဲကလူ။

ရက်အတော် ကြာတဲ့အထိကို ငါက တုန်လှုပ်ချောက်ချား နေသေးတာ။ ဒါပေမယ့် အဲဒီနေ့တွေက တဖြည်းဖြည်း ကုန်လွန်သွားတယ်။ ရှေ့ရက်တွေ မှာတော့ ဘာမှထူးခြားတာ မဖြစ်တဲ့အတွက် ပျင်းဖို့တောင်မှပဲ ကောင်းလာတယ်။ ဟုတ်တယ် တကယ်တော့ ကလေးဖြစ်ရတာ ပျင်းဖို့ ကောင်းတယ်။

ကလေး တစ်ယောက်အတွက် လုပ်စရာ ရှိသမျှအရာတွေက ဗိုက်ဆာတယ်၊ စားတယ်၊ အိပ်တယ်။ ပြီးရင် ဗိုက်ဆာတယ်၊ စားတယ်၊ ပြန်အိပ်တယ်။ ဒီလောက်ပဲ။ ပြီးတော့ အဲဒါတွေအားလုံးကို ဘာမှ လုပ်စရာမလိုဘဲ ကျွန်တော်က လေးလတိတိ ဖြတ်သန်းရအုံးမယ်။

ကျွန်တော်က လေးလသားအရွယ် ကလေးလေးဖြစ်ပြီး မျက်နှာကျက်ကို စိုက်ကြည့်ရင်း အစာစားဖို့ရန်အတွက် အမေ့ရင်သားကို စို့ပေးရတဲ့အတွက်ကြောင့် အမွှာကလေးနှစ်​ယောက်ကို အနှောက်အယှက် ဖြစ်လာစေတဲ့ ကလေးတစ်ယောက် ဖြစ်လာတယ်။

" သူကြည့်နေတယ် အို ဘုရားသခင်၊ အစ်ကို ရက်ဖေးလ်ကို သူ ကြည့်နေတယ် " စီဟန်က လီယို့ရဲ့ ပုခုံးကို လှုပ်ခါရင်း ဒေါသူပုန်ထကာ အော်လိုက်တယ်။ ဒါကြောင့် လီယိုက စီဟန့်ကို တွန်းထုတ်လိုက်ပြီး...

" ရက်ဖေးလ်က အဲဒါကို မသိနိုင်ဘူး။ လုပ်နိုင်ရင် ရက်ဖေးလ်ကို စကားပြောလို့ရတယ် "  လီယိုက မျက်မှောင်ကုတ်လိုက်တယ်။ စီဟန့် နှုတ်​ခမ်း​လေးက ​စူထွက်သွားတယ်။ ပြီးတော့...

" ဒါဆို အစ်ကို ခရစ်ကို ပြောရအောင် "

" ဒါပိုကောင်းတယ် "

ကျွန်တော့် ခန္ဓာကိုယ် လှုပ်ရှားလို့ ရနေတာကို သက်သေပြပြီးနောက် အမြွှာနှစ်ယောက်က  အိပ်ရာထဲကနေပြီး ပြေးထွက်လာခဲ့တယ်။ ဒီလိုမျိုး လှုပ်ရှားရတာက ခက်တယ်။ မောပန်းစွာ သက်ပြင်းချရင်း မျက်နှာကို ခေါင်းအုံးပေါ် လှဲချ လိုက်တယ်။ အရူးနှစ်ကောင်က ပြီးခဲ့တဲ့လကတည်းက ကျွန်တော့် ဆီကို အမြဲ လာလည်တဲ့အတွက် ပိုပင်ပန်းတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now