Chapter - 76 (U+Z)

578 95 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၇၆

အထိအတွေ့ တစ်ခု။

ကျွန်တော်က နတ်ဆိုးနယ်ပယ်ထဲမှာ အပြည့်အဝ အနားယူခဲ့တယ်။ လီလစ်က ကျွန်တော် အနားယူနေချိန်မှာ ဂရုစိုက်ပေးတယ်။

ကြွင်းကျန်ခဲ့တဲ့ နတ်ဆိုးတွေက ငါ့ကို ချီးမွမ်းကြတယ်။ သူတို့က ငါ့ကို အခု ပိုလို့တောင် လေးစားကြောင်း အသိပေးဖို့ သေချာစေတယ်။ နတ်ဆိုးဘုံမှာ လီလစ်က နယ်ပယ်ကို ပိုမိုကောင်းမွန်စေရန် အတွက် ဘုံကျောင်းတွေကို တည်ဆောက်နေပါတယ်။ လီလစ် နဲ့ အတူ ဘုံကျောင်းတစ်ခုမှာ ငါက နေခဲ့တယ်။

အိုင်အို နဲ့ ကယ်လီစတို။

"  အိုး ပါးစပ်ပိတ်ခိုင်း ထားစမ်းပါ "

ငါ ညည်းညူ လိုက်တယ်။ ဗိမာန်တော်ရဲ့ အပြင်ဘက်မှာ ငါ့နာမည်ကို ဟစ်အော်ပြီး ဂုဏ်ပြုနေကြတဲ့ နတ်ဆိုးတွေကို ငါင ရည်ညွန်းပြောဆိုခြင်း ဖြစ်ပါတယ်။ လီလစ်က ပြုံးလိုက်တယ်။

" ငါ စိတ်မကောင်းပါဘူး သခင်ငယ် ငါက သူတို့ကို ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့ပါဘူး "

" ဟင်း... "

ငါက သက်ပြင်းရှည်ကြီးကို ချလိုက်တယ်။

" မင်းရဲ့ အောင်ပွဲလေးကို ခံစားလိုက်ပါ သခင်ငယ်လေး "

" အို "

ငါ့ဘေးမှာ မျောနေတဲ့သူက ပြုံးစိစိနဲ့။ 

" ဒါက မင်းနဲ့ ထိုက်တန်ပါတယ် "

" ငါသိတယ် ဒါပေမယ့် အပြင်မှာ ဒီအသံတွေ ကျယ်နေရင် ဘယ်လို ငြိမ်ငြိမ်နေနိုင်မှာလဲ " လို့အိုင်အို့ကို လှမ်းပြောလိုက်တယ်။

ငါထခါနီးမှာပဲ ကယ်လီစတိုက ကျွန်တော့်ကျောကို သူ့လက်နဲ့ တွန်းချလိုက်တယ်။ သူက လေထဲမှာ နေတယ်။ ငါ့ကို မျက်နှာမူပြီး...

" အိပ်တော့ "

သူ သမ်းဝေပြီးနောက်မှာ မျက်လုံး မှိတ်လိုက်တယ်။ ကျွန်တော် သက်ပြင်း ချလိုက်တယ်။ ဒါကို တွေ့တော့ လီလစ်က တခစ်ခစ်ရယ်တယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now