Chapter - 67 (U+Z)

604 102 1
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၆၇

သူ အဆင်ပြေလိမ့်မယ်။

လိုင်ဇာက ပြတင်းပေါက်ကြီး တစ်ခုရှေ့မှာ ရပ်နေတယ်။ မှောင်မည်းနေတဲ့ ကောင်းကင်ကြီးဆီသို့ သူက လက်နောက်ပစ်ရင်း စိုက်ကြည့်နေတယ်။ သူ့ပုံစံက တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်ထားမှုနဲ့ ပြည့်နေတယ်။

" သူက ကျောင်းမှာတဲ့လား... ဟမ် "

"  ဟုတ်ပါတယ် " ချယ်လ် က ဖြေတယ်။

" သူရဲ့ နတ်ဆိုးတွေက အခုချိန်မှာ ပို တိုးပွားများပြားလာတာနဲ့ သူက လုံခြုံနေပြီလို့ ခံစားနေရတာကြောင့်၊ အခု သူ့ကို တိုက်ခိုက်တာက သူ့အတွက် သတိ လက်လွတ် ဖြစ်နေ လိမ့်မယ် "

" ကျွန်တော်လည်း သဘောတူတယ် "

" ငါတို့ ဒီထက်ပိုပြီး ရန်လို နေမှာလား "

" ... " 

ချယ်လ်က သူ့သခင်ကို ကြည့်ရင်း မျက်တောင် ခတ်လိုက်တယ်။ လိုင်ဇာက သူ့မျက်နှာကို တင်းမာတဲ့ အပြုံးနဲ့ လှည့်ကြည့်တယ်။

" အဲဒီ အာဒမ် ဆိုတဲ့ ကောင်လေး "

" ... "

ချယ်လ်က သူ့သခင် တွေးနေတာကို နားလည်တယ်။ ချယ်လ်က ခေါင်းညိတ်ပြပြီး အခန်းထဲက တိတ်တိတ်လေး ထွက်သွားတယ်။ လိုင်ဇာကတော့ ကောင်းကင်ကိုပဲ ပြန်ကြည့်နေတယ်။

****

ကျွန်တော် သူမကို ကျွန်တော့် မိသားစုဆီကို စာပြန်ပို့ဖို့ ညွှန်ကြားထားတာကြောင့် ဆီဖရာက ပျောက်သွားတယ်။ သူ့ မျက်လုံးထဲမှာ လေးလံနေတာကို ခံစားရလို့ လက်နှစ်ဖက်ကို ငုံ့ပြီး ဆန့်တန်း လိုက်တယ်။ ထိုင်ခုံကနေ ငါက ထပြီး ခြေထောက်တွေကို ခုတင်ပေါ်ဆွဲတင်ရင်း မောပန်းစွာ သက်ပြင်းချလိုက်တယ်။

ပြီးမှ ငါက လှဲချလိုက်ပြီး မျက်စိကို မှိတ်ထားလိုက်ကာ ငါ အိပ်ပျော်သွားခဲ့တယ်။ ငါ တစ်ခုခုကို အိပ်မက်, မက်နေတယ်။ ဒါဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုပါ။ 

ဒါပေမယ့်  ဒါက ဒီကမ္ဘာကို ရောက်ပြီး ငါ့အသက် ဆယ့်သုံးနှစ်အတွင်း ဒါက ပထမဆုံးအကြိမ် မက်တဲ့ အိပ်မက်ပဲ ဖြစ်တယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedDove le storie prendono vita. Scoprilo ora