Chapter - 30 (U+Z)

1.3K 222 2
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုး စစ်တပ်

[ဘာသာပြန်]

အခန်း - ၃၀

အက်ကြောင်း တစ်ခု။

သူမက ရူးနေပြီ။ အမေက လုံးဝကို သူမနဲ့ မတူဘူး။ သူတို့နှစ်ယောက်က သွားသား ဆက်စပ်နေတယ်လို့တောင်မှ ငါက မယုံနိုင်ဘူး။ အမန်ဒါက သူမ အခန်းဆီကို ပြန်သွားခဲ့တယ်။

ကုလားထိုင်ပေါ်မှာ ငါက အံ့ဩပြီးပဲ ကျန် နေခဲ့တယ်။ အိမ်အကူတစ်ယောက်က ငါအဆင်ပြေလားလို့ လာမေးတယ်။ ပြီးတော့ စားပွဲက ဘာလို့ စိုနေတာလဲလို့လည်း မေးတယ်။ အမန်ဒါ လက်ဖက်ရည် တချို့ ဖိတ်သွားတယ် လို့ပဲ သူတို့ကို ငါပြန်ပြီး ပြောလိုက်တယ်။

အခု ငါ တစ်ယောက်တည်းပဲ နေချင်တယ်။ ငါ ရေကန်ရှိရာကို တိတ်တိတ်လေး လမ်းလျှောက်လာခဲ့တယ်။

သူ၊ သူ မှန်တယ်။ သူမက ကောက်ကျစ်တဲ့ မိန်းမဆိုး တစ်ယောက်ဖြစ်ပြီးတော့ ငါနဲ့ ငါ့ရဲ့ ညီအစ်ကိုတွေကို ဒုက္ခရောက်အောင် လုပ်နိုင်တဲ့ အဖြစ်အပျက်၊ အတုအယောင်တွေကို ဖန်တီးလုပ်​ကြံနိုင်တယ်။ အစ်ကိုတွေ အတွက် ငါက လုံခြုံတဲ့ အရာမျိုး ဘာတစ်ခုမှ မလုပ်ပေး နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် အမန်ဒါကို ဒီလိုမျိုး အလွဲသုံးစား လုပ်ခွင့် မပေးနိုင်ပါဘူး။

ငါဘာလုပ်သင့်လဲ။ ကျွန်တော်က အစွမ်းမရှိတဲ့ သာမန်လူတစ်ယောက်ပဲ။ ငါ မြေကြီးပေါ် ဒူးထောက် ထိုင်ချလိုက်တယ်။ ပြီးတော့ ငါ့အာရုံကို မြေကြီးဆီပဲ စိုက်ကြည့်နေလိုက်တယ်။

" မင်းက အရင်နဲ့ မတူတော့ဘူး နည်းနည်း ကွဲသွားတယ် "

" ... "

အဲဒါ အိုင်အိုရဲ့အသံ။ အံ့သြဖို့ ဒါမှမဟုတ် သူ့ကိုကြည့်ဖို့တောင် ငါ့မှာ ခွန်အားမရှိဘူး၊

အိုင်အိုက ငါ့ရှေ့မှာ လွင့်နေတယ်။ လက်နှစ်ဖက်ကို သူက ခေါင်းအုံးပြီး လေထဲမှာ မိမိကိုယ်ကို မှောက်လျက်သားနဲ့ လွင့်မျောနေတယ်။

" ဟဲဟဲ... မင်းက သနားစရာ ကောင်းတဲ့ သခင်ငယ်လေးပဲ "

အိုင်အိုက ငါ့ကို လှောင်ပြောင်နေတယ်။

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now