Chapter - 108 (U+Z) End

1.4K 73 3
                                    

(unicode)

သခင်ငယ်နှင့် သူ၏ နတ်ဆိုးစစ်တပ်

[ဘာသာပြန်]

အခန်း - ၁၀၈ (ဇာတ်သိမ်း)

မိသားစု။

"..."

အာဒမ် နဲ့ ကွိုင်တို့က သူတို့ရဲ့ မျက်လုံးထဲမှာ စူးစမ်းလိုစိတ်နဲ့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတာကို ငါ တွေ့လိုက်ရတော့ ငါက ငါ့ရဲ့ လည်ချောင်းကို ရှင်းပစ်လိုက်တယ်။

အဆင်မပြေတဲ့ အငွေ့အသက်တွေကို ဖယ်ရှားဖို့ ကြိုးစားလိုက်တယ်။

" အမ်... ဒါက ငါ့နတ်ဆိုးတွေ ရှာဖွေခဲ့တဲ့ နတ်ဆိုးတွေထဲက တစ်ကောင်ပဲ၊ သူ့နာမည်က ကွိုင်တဲ့ "

ကွိုင်က ခေါင်းကို ဘယ်ဘက်သို့ အနည်းငယ် စောင်းလိုက်တယ်။ သူက အာဒမ်ကို အကြည့်မလွှဲဘဲနဲ့ပေါ့။ အာဒမ်က ကျွန်တော့်ကို ကြည့်တယ်။ 

" သူက ငါ့ရင်သွေးလေးလို့ ငါထင်ခဲ့တာ "

သူ့ မှတ်ချက်ကြောင့် ငါရှက်လိုက်တာ။ အာဒမ်က ငါနဲ့ ပိုနီးလာတယ်။ သူ့ကို ပိုကြည့်ကောင်းအောင် ငါက ကွိုင်ကို မှီလိုက်တယ်။ ကွိုင်က ခါတိုင်းလို ရှက်ကိုးရှက်ကန်းနဲ့ သူ့မျက်နှာကို ကျွန်တော့်ရင်ဘတ်ဆီသို့ လွှဲထားတယ်။ အာဒမ်က ပြုံးပြတယ်။

" နတ်ဆိုးတစ်ကောင်က ဘယ်လိုဖြစ်လို့ ဒီလိုချစ်စရာ ကောင်းရတာလဲ "

" မှန်တယ် " 

ကျွန်တော် သူပြောတာကို သဘောတူတယ်။

" သူက အရမ်း ချစ်စရာကောင်းတယ် "

" ဒါပေမယ့် ကွိုင်က သာမန် လူသားကလေး တစ်ဦးနဲ့ အလွန်တူတယ်။ သူတကယ့်ကို နတ်ဆိုးတစ်ကောင်လား "

" အင်း အဲဒီအကြောင်း... "

ကျွန်တော် သူ့ကို အခြေအနေရဲ့ အစကို စပြီးရှင်းပြတယ်။ ကွိုင်က လူတစ်ဝက် နတ်ဆိုးတစ်ဝက် ဖြစ်ကြောင်း။ ဘယ်လို သန္ဓေတည်ခဲ့ကြောင်း ငါရှင်းပြတယ်။ ဒါပေမဲ့ ငါ ကွိုင့်ကို ဘာကြောင့် အရမ်းဂရုစိုက် ချင်လဲဆိုတာကိုတော့ အာဒမ်ကို မပြောခဲ့ပါဘူး။

ငါလည်းမလိမ်ချင်ဘူး။ ငါ ငယ်ငယ်က ကိုယ့်ကိုကိုယ် ပြန်သတိရတယ်လို့ ကွိုင်က သူ့ကို ပြောဖူးတယ်။ အာဒမ်က ကျွန်တော့်ကို နွေးထွေးစွာ ပြုံးပြတယ်။ 

Young Master And His Demon Army [ဘာသာပြန်] CompletedWhere stories live. Discover now